DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေး တိုက်ဖျက်ရေးတွင် အားကစားက လက်နက်ကောင်းဖြစ်ဟု ကရင်ဝန်ကြီးချုပ်ပြော
DVB
·
November 25, 2018
မူးယစ်ဆေး တိုက်ဖျက်ရေးတွင် အားကစားက လက်နက်ကောင်းဖြစ်ဟု ကရင်ဝန်ကြီးချုပ်ပြော
Donate to DVB

အားကစားဟာ မူးယစ်ဆေးဝါးကို အခမ်းကဏ္ဍတခုအနေနဲ့ တိုက်ဖျက်နိုင်တဲ့ လက်နက်ကောင်းတခုဖြစ်တယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်းမှာ ပြုလုပ်တဲ့ ၂ဝ၁၈ ခုနှစ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

အဆိုပါဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်အတွင်းက မြို့နယ် ၇ နယ်မြို့နယ်က ကိုယ်စားပြုအသင်းတွေဖြစ်တဲ့ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နဲ့ မြို့ဝတီမြို့နယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၄ ရက်မှ ဗိုလ်လုပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က "အားကစားတွေထဲမှာ ဒီဘောလုံးအားကစားက အင်အားအများကြီးနဲ့ ကစားရတဲ့ပွဲ။ ကြည့်ရှုအားပေးတဲ့သူတွေရဲ့ စိတ်ဝင်စားမှုက ပိုများတဲ့အတွက်ကြောင့် အားကစားက မူးယစ်ဆေးဝါးကို အခမ်းကဏ္ဍတခုအနေနဲ့ တိုက်ဖျက်နိုင်တဲ့ လက်နက်ကောင်းတစ်ခုပါ" လို့ ပြောပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ငြိမ်းချမ်းရေးတေးသံရှင် စောဖိုးခွား(Reggae)နဲ့အဖွဲ့၊ ကျောင်းသား ကျောင်းသူတွေရဲ့ ဘင်ခရာ တီးဝိုင်းအဖွဲ့၊ ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းပြိုင်ပွဲမှာ ဘက်စုံဒုံး ပထမဆုရ မုက္ကဒိကျေးရွာ ဒုံးအဖွဲ့၊ လှပျိုဖြူတွေရဲ့ အကအလှမျိုးစုံတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားအပြီးမှာ ပွဲစဉ် ၁ အဖြစ် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းနဲ့ လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အရပ်သားအစိုးရသစ်လက်ထက် ကရင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ဘောလုံး အသင်းတွေက ၂ဝ၁၇ ခုနှစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီး အလွတ်တန်းဘောလုံးပြိုင်ပွဲမှာ ပထမ၊ ၂ဝ၁၈ ခုနှစ် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသက် ၁၇ နှစ်အောက်ဘောလုံးပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဒိုင်းဆုကြီးတွေကို ဆွတ်ခူးရယူခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013