DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း ရွာဖယ်ခိုင်းသည့်ကိစ္စ ရှစ်ဆယ့်ရှစ်နှင့် တာဝန်ရှိသူများ ဆွေးနွေး
DVB
·
August 31, 2012
ကြေးနီစီမံကိန်း ရွာဖယ်ခိုင်းသည့်ကိစ္စ ရှစ်ဆယ့်ရှစ်နှင့် တာဝန်ရှိသူများ ဆွေးနွေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင်းမှာ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ အကောင်အထည်ဖော်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ရွာတွေ ဖယ်ခိုင်းနေတဲ့ ကိစ္စကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က တိုင်းဒေသကြီး တာဝန်ရှိသူတွေ တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၃ ဦးဟာ စစ်ကိုင်းတိုင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းသတ္တုတွင်းဝန်ကြီး၊ ဦးပိုင်ကုမ္ပဏီက ဌာနကြီးမှူး၊ ဌာနမှူးနဲ့ စီမံကိန်းတာဝန်ခံ၊ ခရိုင်ရဲမှူးကြီး၊ တိုင်းဥပဒေအရာရှိ၊ မြေစာရင်း အရာရှိတွေနဲ့ ဆားလင်းကြီးမြို့နယ် ခန်းမမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ဦးထွန်းမြင့်အောင်က

[caption id="attachment_30139" align="alignleft" width="300" caption="ရွာသားများ ဆန္ဒဖော်ထုတ်နေကြစဉ်"][/caption]

“ရွာသူရွာသားတွေမှာ နစ်နာမှုရှိတယ်ဆိုတာကို သူတို့လက်ခံတယ်ဗျ။ နိုင်ငံတော်စီမံကိန်းဖြစ်နေတဲ့ အခါမှာ၊ လုပ်ရတဲ့အခါမှာ ရွာသူရွာသားတွေရဲ့ နစ်နာမှုတွေကို သူတို့အတတ်နိုင်ဆုံး ပြန်ပြီးတော့ အလျော်ပေးချင်တယ်ပေါ့နော်။ ဘာတွေလိုအပ်လဲ ဆိုတာမျိုးတွေ ပြောတယ်။ ဒါပေမယ့် သူတို့ဘက်က ဆေးခန်းတွေ၊ ကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ရွာအသစ်တွေ လုပ်ပေးမယ်လို့ ပြောတယ်ပေါ့။ ဒါပေမယ့် လူထုက အယုံအကြည်မရှိတာတချက်၊ ဘာတွေလုပ်ပေးမယ်ဆိုတာကို ရွာသူရွာသားတွေ သဘောပေါက်အောင်ပြော၊ နောက်တချက်က သတင်းမီဒီယာတွေကို နိုင်ငံလုံးဆိုင်ရာ၊ နိုင်ငံအဆင့် သတင်းမီဒီယာတွေကိုခေါ်ပြီးတော့ ပြောပါ။ သူတို့ကတော့ မကြာခင်မှာ သတင်းစာတွေမှာ ပါလာပါမယ်ဆိုပြီးတော့ စီမံကိန်းနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းပြောမယ်လို့တော့ ပြောတယ်” လို့ ဆိုပါတယ်။

လက်ပန်းတောင်းတောင်နားက ပြောင်းခိုင်းထားတဲ့ ဆယ်တဲ၊ ၀က်မှေးနဲ့ အခြားရွာနှစ်ရွာက ရွာသားတွေကို အတင်းပြောင်းခိုင်းနေလို့ ရွာသားတွေက အန်တုတဲ့အပေါ် သက်ဆိုင်ရာရဲနဲ့ အင်အားသုံး ခြိမ်းခြောက်ကိုင်တွယ်လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဘက်ကလည်း စပယ်တောင်၊ ကြေးစင်တောင်တွေဟာ စာအုပ်ထဲမှာပဲ ကျန်ရစ်ပြီး အပြင်မှာ မြေစာပုံပဲ ကျန်ရစ်နေပုံနဲ့ တောင် ၃၃ လုံးကို စုစည်းထားတဲ့ လက်ပန်းတောင်းတောင်ကို ဖြိုချလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာကို တင်ပြခဲ့ကြတယ် လို့ သူက ပြောပါတယ်။

“သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ၈၈ သဘောထားကို ပြောတယ်။ တောင်ကြီးတွေ ပြန်ဖောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ၊ အဲဒီတော့ ဒီစီမံကိန်းကို ရပ်စေချင်တယ်။ နိုင်ငံတော်ဘဏ္ဍာဆိုရင်လည်း တခြားတနေရာကနေ ရှာဖို့ ကြိုးစားစေချင်တယ်။ ဒါပေမယ့် သူတို့ကလည်း သဘာဝပတ်ဝန်းကျင် ပျက်ယွင်းတာကို လက်ခံပေမယ့် ကြေးနီတွေ ရှိနေတဲ့အခါကျတော့ ဒါကြီးကို ထုတ်ချင်တယ်ပေါ့။ ဒါဟာ နောက်မျိုးဆက်အတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်ရဲ့ သဘာဝ အမွေတွေလို့ ကျနော်ပြောချင် တယ်။ နောက်တခါ တောင်သူတွေရဲ့ အခြေအနေတွေကို လက်ရှိဘ၀တွေထက် ပိုမြင့်မားတဲ့ အနေအထားကို ရောက်အောင် လုပ်ပေးနိုင်မှသာလျှင် တောင်သူတွေ က ကျေနပ်နိုင်လိမ့်မယ်။ အဲဒါကို ကျနော် ထည့်ပြောခဲ့တယ်။”

အိမ်ယာမရွှေ့ပြောင်းပေးတဲ့ ရွာသားတွေကို ရဲလက်နက်ကိုင် အလုံးအရင်းနဲ့ ကိုင်တွယ်ဆောင်ရွက်တာဟာ ဒီမိုကရေစီသွားနေတဲ့အပေါ် ထိခိုက်စေတဲ့ပုံရိပ်ဖြစ်လို့ လက်မခံနိုင်ဘူး ဆိုတာကိုလည်း တင်ပြခဲ့ပါတယ်။ တဖက်ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ့်အကြောင်း ပြန်လည်ဖြေဆိုကြတယ်လို့ ဆိုပါတယ်။

အာဏာပိုင်နဲ့ ဆွေးနွေးချက်တွေကို ရွာသားတွေကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

ဒီစီမံကိန်းက ဓာတုပစ္စည်း ဘေးထွက်ဆိုးကျိုးတွေဟာ ရွာသားတွေအတွက် အန္တရာယ်ရှိသလို တဖက်ကလည်း မြေယာကိုသာ အမှီပြု ရှင်သန်တဲ့ ရွာသားတွေရဲ့ ဘ၀လူနေမှု လုံခြုံရေး စီစဉ်ပေးဖို့လိုကြောင်း၊ အဲဒီစီမံကိန်းမှာ လုပ်သားအဖြစ် လုပ်ခိုင်းတယ်ဆိုတာ လက်တွေ့နဲ့ မနီးစပ်ဘူးလို့ သူကရှင်းပြပါတယ်။

ဒီစီမံကိန်းကို မြန်မာဦးပိုင်လီမိတက်နဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ကြေးစင်တောင်၊ စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် သတ္တုတူးဖော်ရေး လုပ်ငန်း ကြေးနီစီမံကိန်းအတွက် ဆားလင်းကြီးခရိုင်တွင်း ရွာပေါင်း ၂၀ ကျော်ရဲ့ မြေဧကပေါင်း ၇၈၀၀ ကို သိမ်းယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013