DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်
DVB
·
August 31, 2012
တိုင်းရင်းသားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်
Donate to DVB

အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်ကို မျက်ခြည်မပြတ်ရေးအတွက် တိုင်းရင်းသားဝန်ကြီး ၂၉ ဦး လာမယ့် စက်တင်ဘာ ၈ ရက်နေ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မယ်လို့ အင်းတိုင်းရင်းသားဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“တိုင်းရင်းသားရေးရားဝန်ကြီးတွေကို လုပ်ပိုင်ခွင့် သေချာ ချမှတ်ပေးဖို့ပေါ့။ နောက်ပြီးတော့ cabinet အစည်းအဝေးတွေမှာ လုပ်ငန်းတွေ ဘာတွေ ၀င်မဆွယ်ဘူးလေ။ ဒါပေမယ့် ဘယ်လိုလုပ်တယ်ဆိုတာ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို မျက်ခြေပျက်သွားမှာ ကျနော်တို့ ကြောက်တယ်ဗျ။”

အစိုးရသက်တမ်း ၁ နှစ် ၈ လရှိခဲ့ပြီဖြစ်ပေမယ့် တိုင်းရင်းသားဝန်ကြီးတွေ တကြိမ်တခါမှ စုစုစည်းစည်း မတွေ့ဖြစ်ကြဘူးလို့ ဦးဝင်းမြင့်က ပြောပါတယ်။

အခုလို တိုင်းရင်းသားဝန်ကြီးတွေတွေ့ဆုံပြီး အတွေ့အကြုံတွေ ဖလှယ်ကြ၊ ကောင်းတာယူ မကောင်းတာ ပယ်ဖို့ လုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး တဦးအနေနဲ့ အခုချိန်ထိ လုပ်ကိုင်လာခဲ့သမျှ ကျေနပ်အားရမှု ရှိမရှိနဲ့ပတ်သက်ပြီး ဦးဝင်းမြင့်က “ကျနော်ကတော့ ပြည်နယ်အစိုးရနဲ့ ထိတွေ့ပြီးတော့မှ ကိုယ့်အင်းလေးဒေသ လိုအပ်ချက်လေးကို တင်ပြတော့ ပြည်နယ်အစိုးရကလည်း သူ တတ်နိုင်သလောက်လုပ်ပေးပါတယ်။ နောက်ပြီး ပြည်ထောင်စုအဆင့်ဝန်ကြီး လာရင်လည်း လွတ်လွတ်လပ်လပ် တင်ပြလို့ရပါတယ်။ အဲဒီတော့ ဒီပြင် တိုင်းရင်းသားတွေတော့ မပြောတတ်ဘူး။ ကျနော်တို့ အင်းတိုင်းရင်းသားတွေကတော့ ၀န်ကြီးအနေနဲ့ပြောမယ်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက် အားရပါတယ်။”

ဦးသိန်းစိန် အစိုးရတက်လာလာချင်း ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်မှာပဲ ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝင်  တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။
ဗမာနဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ အများစုဖြစ်ပြီး၊ တိုင်းရင်းသားဝန်ကြီးတွေ အခုလို တွေ့ဆုံ ဆွေးနွေးကြမှာဟာ ပထမအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013