DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 24, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၈၇၆ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၂၄ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈ဝဝဝဝ ကနေ ၈၆ဝဝဝ ရှိပြီးတအိတ်ကို ၂ဝဝဝ ကျပ် ဈေးကျဆင်းသွားပါတယ်။

ရန်ကုန် နဲ့မန္တလေး ကုန်စည် ဒိုင် တအိတ်ကို ၁၆ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၇၉၆ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန် သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အဟောင်းက တစ်အိတ် ကို ၇၇ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝဝ ကျပ်ဈေးတက်လာ ပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည် ဒိုင် တအိတ်ကို ၂၆ဝဝ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၉ဝဝဝ ကနေ ၈ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၄ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်အိတ် ကို ၇၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၉ဝဝ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက် က ၄၅ ပိဿာဝင် တအိတ်ကို ၂၂၅ဝဝဝ ကနေ ၂၃ဝဝဝဝ ပေါက်ဈေး ရှိပါတယ်။

မုံရွာ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၂၅ဝဝဝ ကနေ ၂၄ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၆ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁ဝဝဝဝ ကျပ်ဈေး ကွာခြား မှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ) တအိတ်ကို  ၂၅၅ဝဝဝ ကနေ ၂၇၈ဝဝဝ ရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို  ၂၆၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၁၃ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၁ဝဝဝဝ ကနေ ၁၃၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၁ဝဝဝ ကနေ ၁၂၃ဝဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

မန္တလေး နဲ့အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၂ဝဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ