DVB Logo
Home
မြန်မာသတင်း
ကျောင်းပြင်ပ မူလတန်းပညာသင်ယူသူများ ကျောင်းနေမြဲရေး ဆွေးနွေးပွဲ ပြုလုပ်
DVB
·
November 24, 2018
ကျောင်းပြင်ပ မူလတန်းပညာသင်ယူသူများ ကျောင်းနေမြဲရေး ဆွေးနွေးပွဲ ပြုလုပ်
1 / 2
Donate to DVB

ကျောင်းပြင်ပ မူလတန်းပညာရေးမှာ တက်ရောက်သင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းနေမြဲဖို့နဲ့ ပညာရည်မြင့်မားလာစေဖို့အတွက် ဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ အ.ထ.က (၁) ကမာရွတ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပညာသင်နှစ်အတွက် တနိုင်ငံလုံးမှာ ကျောင်းပြင်ပ ပညာရေးကို သင်ယူနေတဲ့ကျောင်းသား ၁ သောင်းနီးပါ ရှိပါတယ်။ တက်ရောက် သင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ကျောင်းပျက်တာတွေ ရှိနေတာကြောင့် ကျောင်းသားတွေ ကျောင်းနေမြဲစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို အခုလို ဆွေးနွေး အဖြေရှာနေကြတာပါ။

ကျောင်းပြင်ပပညာရေးမှာ တက်ရောက်နေကြသူတွေဟာ မိသားစုစားဝတ်နေရေး အဆင်မပြေတဲ့အတွက် ပြင်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကလးငယ်တွေ ဖြစ်ပါတယ်။ ကျောင်းပြင်ပပညာရေးကို ညနေပိုင်းကလေးတွေ အလုပ်အားချိန်မှာ တစ်နေ့ကို (၂) နာရီ ခွဲလောက် တစ်ပတ်ကို(၆) ရက် သင်ပေးနေတာပါ။

ကျောင်းပြင်ပ မူလတန်းပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ ၁၁ နှစ် နီးပါး ရှိနေပြီဖြစ်ပြီး အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တွေကို အထူးသင်ရိုးရေးဆွဲကာ ၂ နှစ်သင်ပညာရေးစနစ်နဲ့ သင်ကြားပေးနေတာပါ။

လက်ရှိမှာ ကျောင်းပြင်ပမူလတန်းအောင်မြင်ပြီးသူတွေထဲက အခြေခံပညာကျောင်းတွေမှာ အလယ်တန်းအထက်တန်းပညာကို ဆက်လက် သင်ယူပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၂၅) ဦးရှိပြီဖြစ်ပါတယ်။

ကျောင်းပြင်ပမူလတန်းပညာရေးကိုတော့ ပညာရေးဝန်ကြီးဌာနက အငြိမ်းစားယူပြီးတဲ့ ဆရာကြီး ဆရာမကြီးတွေက ဦးဆောင်ကာ နိုင်ငံတကာနဲ့ ပြည်တွင်းမှ လုပ်ငန်းရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013