DVB Logo
Home
မြန်မာသတင်း
အစားအ​သောက်​​ ဘေးအန္တရာယ်​ ကင်းရှင်း​ရေး အာဆီယံ ၁၀ နိုင်ငံ ဆွေးနွေး
DVB
·
November 24, 2018
အစားအ​သောက်​​ ဘေးအန္တရာယ်​ ကင်းရှင်း​ရေး အာဆီယံ ၁၀ နိုင်ငံ ဆွေးနွေး
Donate to DVB

အစားအ​သောက်​​ ဘေးအန္တရာယ်​ ကင်းရှင်း​ရေးဆိုင်​ရာ အာဆီယံ ၁၀ နိုင်ငံ ​ဆွေး​နွေးပွဲကို နိုဝင်​ဘာလ ၂၃ ရက်နေ့က မန္တ​လေး​ အောင်​​မြေသာစံမြို့နယ်​ Mercure Mandalay Hill Resort Anawrahta ခန်းမမှာ ပြုလုပ်​ခဲ့ပါတယ်​။

အာဆီယံ​ဒေသအတွင်း အစားအ​သောက်​ထုတ်​ကုန်​တွေ လိုက်​နာရမယ့် စံညွှန်းတွေနဲ့ အစားအ​သောက်​ ဓာတ်​ခွဲခန်းတွေအဆင့်မီရေး​အတွက် မြန်​မာနိုင်​ငံအပါအဝင်​ အာဆီယံ ၁၀ နိုင်​ငံ​ ၂၇ ကြိမ်​မြာက်​ ​ဆွေး​နွေးခဲ့ကြတာပါ။

မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်မောင်​က အာဆီယံဒေသတွင်း အစားအသောက်ကုန်သွယ်မှုပြုရာမှာ အဟန့်အတားဖြစ်စေတဲ့ နည်းပညာရပ် ဆိုင်ရာ အတားအဆီးများကို ဖယ်ရှားပြီး ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်ရန် ရည်ရွယ်ပြီး (၂၇) ကြိမ်​​မြောက်​ အသင့်​ထုတ်​ပိုးစား​သောက်​ကုန်လုပ်​ငန်းဆိုင်​ရာအစည်းအ​ဝေး PFPWG၊ (၁၃) ကြိမ်​​မြောက်​ အာဆီယံ အစားအ​သောက်​ဓာတ်​ခွဲခန်းများဆိုင်​ရာ ​ကော်​မတီအစည်းအ​ဝေး AFTLC ကျင်းပခဲတာလို့​ ပြောပါတယ်​။

ကျန်းမာ​ရေးနဲ့ အားကစားဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာမြင့်ထွေးက​ Harmonius Food Safety System ကို ဆောင်ရွက်နိုင်ဖို့ အခြေခံအုတ်မြစ် ချမှတ်တာလို့ ပြောပါတယ်။

ကမ္ဘာမှာရော၊ အာဆီယံနိုင်ငံတွေအတွင်းမှာပါ ​ဘေးအန္တရာယ် ကင်းရှင်းတဲ့ အစားအသောက် ရရှိပြီး ပြည်သူတွေရဲ့ ကျန်းမာ​ရေးကို ကာလွယ်နိုင်​စေဖို့၊ ထိရောက်ပြီး ကောင်းမွန်တဲ့ food safety system ရရှိ​စေဖို့၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းအနေနဲ့ ဘုံနည်းဗျူဟာများ ရရှိဖို့ လိုအပ်​တယ်​လို့​လည်း ပြောဆိုခဲ့ပါတယ်​။

ဆွေး​နွေးပွဲကို  နိုဝင်​ဘာ ၃ ရက်​ကနေ ၂၇ ရက်​​နေ့ အထိ ​နေ့စဉ်​မနက်​ ၉ နာရီကနေ ည​နေ ၅ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။

အာဆီယံ​ဒေသအတွင်း အစားအ​သောက်​ထုတ်​ကုန်​တွေနဲ့ ပတ်​သက်တဲ့ လိုက်​နာရမယ့် စံညွှန်းတွေ၊ အသင့်ထုတ်​ပိုး စား​သောက်​ကုန်​နဲ့ ပတ်​သက်​တဲ့ စံချိန်​စံညွှန်းတွေ၊ ဥပ​ဒေ လုပ်​ထုံးလုပ်​နည်းတွေ၊ အာဆီယံ အစားအ​သောက်​တွေ စစ်​​ဆေး​တဲ့ စံရည်​ညွှန်း ဓာတ်​ခွဲခန်းတွေရဲ့ စွမ်းရည်​မြှင့်တင်​တာတွေ ပြုလုပ်​သွားမှာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013