DVB Logo
Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံအစည်းအဝေး ၂၀၁၉ နှစ်ဆန်းပိုင်းမှ ကျင်းပမည်ဟု ဦးဇော်ဌေးပြော
DVB
·
November 24, 2018
၂၁ ရာစု ပင်လုံအစည်းအဝေး ၂၀၁၉ နှစ်ဆန်းပိုင်းမှ ကျင်းပမည်ဟု ဦးဇော်ဌေးပြော
Donate to DVB

၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာမှာ မကျင်းပနိုင်ပါက ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း ကျင်းပသွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

“၂၀၁၈ ခုနှစ်အတွင်းမှာ ညီလာခံ နောက်တကြိမ်လုပ်ဖို့ရှိတယ်။ ဒီနှစ်ထဲမှာ ကိုတာ နှစ်ကြိမ်လုပ်ရမယ်။ အဲ့နှစ်ကြိမ်လုံး မဖြစ်ဖြစ်အောင် လုပ်မယ်။ ဒီ ၂၀၁၈ ခုနှစ် သက္ကရာဇ်အပိုင်းအခြား ဒီဇင်ဘာထဲမှာ ဖြစ်ချင်ဖြစ် မဖြစ်ရင် နောက်နှစ်ပိုင်းဆိုလည်း နှစ်ဆန်းပိုင်းလောက်ကူးသွားရင် ရပါတယ်” လို့ ဦးဇော်ဌေးက ပြောတာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေညီလာခံ ၂၁ ပင်လုံအစည်းအဝေးတွေကို တနှစ်မှာ ၂ ကြိမ် ကျင်းပပြုလုပ်ဖို့အတွက် သဘောတူထားကြတာဖြစ်ပြီး ၂၁၀၈ ခုနှစ် ဇူလိုင်လပိုင်းက တကြိမ် ကျင်းပပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာမှာ ကျင်းပနိုင်ဖို့ အစိုးရက ရည်မှန်းခဲ့ပေမယ့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့က အစိုးရနဲ့ တရားဝင်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဆိုင်းငံ့လိုက်တယ်လို့ ကြေညာထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ (JMC) အဆင့်ဆင့်အစည်းအဝေးတွေ တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013