DVB Logo
Home
မြန်မာသတင်း
တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို ရုံးထုတ်
DVB
·
November 23, 2018
တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို ရုံးထုတ်
1 / 3
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်ရုံးမှာ ရုံးထုတ်ပါတယ်။

ကော်မရှင်ရဲ့ စစ်ဆေးချက်အရ သားကြီးရဲ့ ဖခင် ဦးခင်မောင်လေးက အမှုကို ကိုင်တွယ်တဲ့ ဥပဒေအရာရှိတွေနဲ့ တရားသူကြီးတွေကို လာဘ်ငွေပေးပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်သူတွေကို အဆိုပါ အကြောင်းပြချက်တွေနဲ့ အမှုက လွတ်မြောက်အောင် ပြုလုပ်ခဲ့တာတွေ့ရတယ်လို့ တရားခွင်မှာ တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က ထွက်ဆိုသွားပါတယ်။

“သားကြီးပါ ၃ ဦးဟာ ငယ်ရွယ်သူတွေဖြစ်တဲ့အပြင် ပြစ်ချက်ဟောင်းတစုံတရာ မရှိတာနဲ့ အလားတူပြစ်မှုမျိုး ထပ်မံဖြစ်ပွားခြင်း မရှိစေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တရား ဥပဒေအရာရှိတွေက အမှုကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့တယ်။”

အောင်ရဲထွေး သေဆုံးမှုမှာ ကျူးလွန်သူတွေရဲ့ ဖခင်က အောင်ရဲထွေးရဲ့ မိသားစုဝင်တွေကို ငွေကျပ် သိန်း ၁၅၀၀ ပေးခဲ့သလို ဥပဒေအရာရှိတွေနဲ့ တရားသူကြီးတွေကို လာဘ်ငွေတွေပေးခဲ့လို့ ကျူးလွန်သူတွေဟာ အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။

ဒီလိုလွတ်မြောက်ခဲ့လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတော်သမ္မတက အမှုကို ပြန်လည် စစ်ဆေးဖို့ ညွှန်ကြားခဲ့လို့ ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာမှာ လာဘ်ငွေယူခဲ့ကြောင်း ပေါ်ထွက်လာတာပါ။

အောင်ရဲထွေးအမှု ပြန်ရုပ်သိမ်းပေးဖို့ ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိကြီးတွေက ကျပ်သိန်း၇၂၀နဲ့အရက် ပုလင်းတွေ၊ ပါတိတ်ထမီတွေ လာဘ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောထားပါတယ်။

ပြည့်ဘုန်းအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013