DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 23, 2018
Donate to DVB

မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၈၅၂၀၀  ပေါက်ဈေးရှိပြီး အဖိတ်နေ့မတိုင်ခင် ၁ ရက်နဲ့ ယှဉ်လိုက်ပါက ၁ အိတ်ကို ၃၂၀၀    ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၈၅၀၀၀ ကနေ ၈၈၀၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန် နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၇၆၆၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၆၆၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၆၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ဈေးကွာခြားမှုမရှိပါဘူး။

နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၁ အိတ်ကို ၁၇၀၀၀၀ ကျပ်ရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို  ၂၆၅၀၀၀ ကနေ ၂၇၅၀၀၀ ရှိပြီး ၁ အိတ်ကို ၇၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို  ၂၇၀၀၀၀ ကနေ ၂၇၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို အနိမ့်ဆုံးဈေး ၅၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁၅၉၀ ကနေ ၁၆၀၀ ပေါက်ဈေး ရှိပါတယ်။ မကွေးကုန် စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၆၀၀ ကနေ ၁၆၂၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ ပိဿာကို ၂၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းမျိုးစုံကတော့ ဈေးတွေတက်လာပါတယ်။ နှမ်း ၁ အိတ်ကို အနည်းဆုံးကို ငွေကျပ် ၅၀၀၀၀ အထိ ဈေးတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက အ၀ယ်လိုက်လာတဲ့အတွက် ဈေးတက်လာခဲ့တာလို့ သိရပါတယ်။ မကြာခင်မှာတော့ ဆောင်းနှမ်းတွေ ထွက်လာတော့မှာ ဖြစ်တဲ့အတွက် နှမ်းဈေးတွေ ပြန်ငြိမ်နိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013