DVB Logo
Home
မြန်မာသတင်း
ပုဂံသူလေး အိုပန်လယ်အဖြစ် မြင်တွေ့ရမည့် မေမြင့်မိုရ်၏ အလှပုံရိပ်များ (ဓာတ်ပုံ)
DVB
·
November 23, 2018
ပုဂံသူလေး အိုပန်လယ်အဖြစ် မြင်တွေ့ရမည့် မေမြင့်မိုရ်၏ အလှပုံရိပ်များ (ဓာတ်ပုံ)
1 / 6
Donate to DVB

သိပ်မကြာသေးခင်ကမှ ရုတင်ပြသခဲ့တဲ့ မိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင်ကားကြီးမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီး မေမြင့်မိုရ်ဟာ လတ်တလောမှာတော့ ၁၀၁၄ အမည်ရတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဒီကားကိုတော့ ၀ရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာအဖြစ် သရုပ် ဆောင် မင်းသားကြီး ကျော်သူက ရိုက်ကူးနေတာဖြစ်ပါတယ်။

၁၀၁၄ ဆိုတာ အနော်ရထာမင်းရဲ့ မွေးသက္ကရာဇ်ဖြစ်ပြီး ပုဂံခေတ်က အရည်းကြီးတွေရဲ့ အကြောင်းတွေကို ပုံဖော်ရိုက်ကူးမယ့် ဒီဇာတ်ကားထဲမှာတော့ မေမြင့်မိုရ်က ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ဒေါင်း၊ ထူးအောင်၊ ရတနာဗိုတို့နဲ့အတူ တွဲဖက်ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာ ပုဂံသူလေး အိုပန်လယ်အဖြစ် ဇာတ်ဝင်ခန်းထဲက အလှဓာတ်ပုံတွေကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။

ပုဂံခေတ် ဆင်ယင်ထုံးဖွဲ့မှုနဲ့အတူ မြင်း၊ ဇီးကွက်တွေနဲ့ မြင်တွေ့ရတဲ့ မေမြင့်မိုရ်ရဲ့ အလှဓာတ်ပုံတွေကို ပရိသတ်တွေက နှစ်သက်နေကြပြီး သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်ကတော့ ပရိသတ် ၁ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013