DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့တွင် အကျွတ်အလွတ်ပွဲ ကျင်းပ
DVB
·
November 23, 2018
ကျောက်ကြီးမြို့တွင် အကျွတ်အလွတ်ပွဲ ကျင်းပ
1 / 7
Donate to DVB

ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ည ၆ နာရီအချိန်လောက် အကျွတ်အလွတ်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ အကျွတ်အလွတ်ပွဲကို ကျောက်ကြီးမြို့ မြောက်သုန်သံသင်္ချိုင်းမှာ ကျောက်ကြီးမြို့နာရေးကူညီမှုအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာပါ။

နာရေးကူညီမှုအသင်း အတွင်းရေးမှုးဦးတင်းဌေးက "သေဆုံးပြီး မကျွတ်မလွတ်သူတွေကို ကျွတ်လွတ်စေချင်တယ်။ ဒါက ကျနော်တို့ ရည်ရွယ်ချက်ပါ။ ပထမတရားပွဲလေးလုပ်ပေးပြီး အမျှဝေတယ်။ ပြီးတော့မှ သားသတ်လွတ်ဟင်းတွေနဲ့ကျွေးမွေးမှုကို လုပ်ပါတယ်။ အရင်နှစ်တွေကထက် ခြေရာတွေ နည်းလာတယ်။ စလုပ်တဲ့နှစ်ကဆို ခြေရာတွေ တော်တော်များများ တွေ့ရတယ်။ ဒီနှစ်ဆို တော်တော်နည်းသွားတာတွေရတဲ့အတွက် လုပ်ငန်းအောင်မြင်တဲ့သဘောပါ" လို့ ပြောပါတယ်။

အကျွတ်အလွတ်ပွဲပြုလုပ်ရာ သင်္ချိုင်းမှာ ရာဇမတ်ကာရံပြီး ညီနေအောင် ညှိထားတဲ့ သဲခင်းကာသဲတွေဟာ ကျွေးမွေးပြီးချိန်မှာ ခြေတဖက်ရာတွေ အသေးအကြီးအရွယ်စုံ ထင်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အကျွတ်အလွတ်ပွဲကို ကျောက်ကြီးမြို့မှာ ၂၀၁၁ ခုနှစ်ကနေ စတင်ကာ နာရေးကူညီမှုအသင်းက ဦးဆောင်ကာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ညမှာ ကျင်းပခဲ့ပြီး ဒီနှစ်ဟာ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကျော်အောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013