DVB Logo
Home
မြန်မာသတင်း
အမှိုက်ကင်းစင်ရေးလှုပ်ရှားမှု ရွှေတိဂုံဘုရားဝန်းကျင်တွင် ပြုလုပ်
DVB
·
November 23, 2018
အမှိုက်ကင်းစင်ရေးလှုပ်ရှားမှု ရွှေတိဂုံဘုရားဝန်းကျင်တွင် ပြုလုပ်
1 / 19
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှိုက်ကင်းစင်ရေး စုပေါင်းလှုပ်ရှားမှုတခုကို နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား ပုရဝုဏ်ပတ်ဝန်းကျင်မှာ လုပ်ဆောင်ခဲ့ပါတယ်။

အခုလို စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ Clean Yangon အဖွဲ့သားတွေက ဦးဆောင်လုဆောင်ခဲ့တာပါ။

ဒီအမှိုက်ကောက်လှုပ်ရှားမှုကိုတော့ လူဦးရေ ၁၅၀၀ နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ ကြက်ခြေနီ၊ မီးသတ်၊ ရဲတပ်ဖွဲ့ စတဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင်ခဲ့သလို ပရဟိတအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေကလည်း ပါဝင်ခဲ့ကြပါတယ်။

Clean Yangon အဖွဲ့သားတွေအနေနဲ့ ရန်ကုန်မြို့တော်သန့်ရှင်းဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းကာ ၁ လ ၁ ကြိမ် စုပေါင်းလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာဖြစ်ပြီး အခုလှုပ်ရှားမှုဟာ အကြိမ် ၂၀ မြောက် လုပ်ဆောင်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ----ဆုဆုသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013