DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင် တန်ဆောင်တိုင် ဆီမီး ၁ သောင်း ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်
DVB
·
November 23, 2018
ညောင်လေးပင် တန်ဆောင်တိုင် ဆီမီး ၁ သောင်း ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်
1 / 12
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ပထမအကြိမ်မြောက် ဆီမီး ၁ သောင်းပူဇော်ပွဲနဲ့ နိဗ္ဗာန်ဈေးပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပရာမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာရောက်ဖူးမြော်ကြပါတယ်။

ဆီမီးပူဇော်ပွဲကို ပရဟိတလူငယ်တွေနဲ့ မြို့ခံလူထုတွေ စုပေါင်းထည့်ဝင်ငွေနဲ့ သမိုင်းဝင် မဟာတိလောကဘုရားကြီးဝန်းထဲမှာ ကျင်းပတာဖြစ်ပြီး စတုဒီသာနဲ့ နိဗ္ဗာန်ဈေး ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ကာ အသုံးဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေ ရောင်းချခဲ့ကြပါတယ်။

တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေတဲ့ ရိုးရာပွဲတော်တွေကို ပြန်လည်ဖော်ဆောင်ဖို့၊ မြို့သူမြို့သားတွေ စည်းလုံးညီညွတ်စေဖို့နဲ့ ရိုးရာအမွေအနှစ်တွေ လူငယ်တွေကို လက်ဆင့်ကမ်း သယ်ဆောင်သွားစေဖို့ ရည်ရွယ်ကျင်းပတာလို့  ပွဲတော်ကျင်းပရေး ကော်မတီက ပြောပါတယ်။

ပွဲတော်လာ ကျောင်းသူတဦးက “သမီးတို့တသက်မှာ ကြက်ပျံမကျစည်ကားပြီး လူတွေ သောင်းချီလာရောက်ကြတဲ့ ခုလိုပွဲမျိုးကို တခါမှမမြင်ခဲ့ဖူးဘူး။ ဒီလောက်လူတွေ အများကြီး ဘယ်ကလာကြတာလဲ ဆိုတာတောင် အံ့သြမိတယ်။ အရင်ကဆို ခုလို တန်ဆောင်မုန်းလပြည့် ရောက်တိုင်း တခြားမြို့တွေကို သွားရောက်လည်ပတ်ရတာမျိုးတွေရှိခဲ့တယ်။ ခုတော့ ကိုယ့်မြို့မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်ရတာပေါ့။ ဒီမြို့သူဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်" လို့ ပြောပါတယ်။

ညောင်လေးပင်မြို့မှာရှိတဲ့ မဟာတိလောကသယမ္ဘူဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်က စတင်တည်ထားခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၃၀ကျော်ကြာပြီဖြစ်တဲ့ မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးလည်းဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ (နေလင်းထိုက်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013