DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားတဦးကို စီပီကုမ္ပဏီက ဘတ် ၁ သိန်း နစ်နာကြေးပေး
DVB
·
August 31, 2012
မြန်မာအလုပ်သမားတဦးကို စီပီကုမ္ပဏီက ဘတ် ၁ သိန်း နစ်နာကြေးပေး
1 / 2
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင်က  ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ရင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမားတဦးကို သက်ဆိုင်ရာ လုပ်ငန်းရှင်က နစ်နာကြေးငွေ ဘတ် ၁ သိန်း အလျော်ပေးခဲ့ပါတယ်။

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရသူ ကိုချာလီရဲ့ နစ်နာကြေးတွေရရှိဖို့ တရားခွင်မှာ အမှုအကြိမ်ကြိမ် စစ်ဆေးပြီး ၁ နှစ်နဲ့ ၈ လအကြာမှာမှ ကုမ္ပဏီဆီက လျော်ကြေးငွေကို ရရှိခဲ့တယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ကိုစိန်ဌေးက ပြောပါတယ်။

[caption id="attachment_30114" align="alignright" width="300" caption="ဘန်ကောက် အထွေထွေရောဂါကု ရဲဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကိုချာလီကို ရဲကသံကြိုးနဲ့ခတ်ထားစဉ်"][/caption]

“လက်မှတ်ရှိတဲ့ အလုပ်သမားကို ဆေးရုံကလည်း ရဲလက်အပ်၊ ရဲကလည်း လ၀ကအပ်၊ အဲလို အဆင့်ဆင့်လုပ်တာတွေကို တရားစွဲတာပေါ့။ အလုပ်ရှင်တွေကို နစ်နာကြေးရလိုမှု နဲ့ ပြန်စွဲတာပေါ့နော်။ အဆောက်အအုံပြင်တဲ့နေရာမှာ သူကကန်ထရိုက်သွားယူတာဆိုတော့ စီပီကိုပါ အမှုတွဲထဲမှာ တရားစွဲတာပေါ့။ စီပီအတွက် လုပ်တာကိုး။”

မွန်ပြည်နယ် ကျိုက်မရောမြို့သား ကိုချာလီဟာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ ၅ ရက်နေ့က ထိုင်းနိုင်ငံ စီပီကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆထိခိုက်မှုဖြစ်ပြီး တင်ပါးရိုးနဲ့ အူမကြီးမှာ အပြင်းအထန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

သူဟာ သောင်းနဲ့ချီပြီးကုန်ကျတဲ့ ဆေးကုသစရိတ်မပေးချေနိုင်လို့ ဆေးရုံက ရဲကိုအကြောင်းကြားပြီး ရဲကနေတဆင့် လ၀ကလက်ကို အပ်လိုက်တယ်။ ဒဏ်ရာတွေနဲ့ မလှုပ်နိုင်တဲ့ သူ့ကို လ၀ကရဲက သံကြိုးနဲ့ခတ်ထားခဲ့ပါတယ်။

အလုပ်သမားလက်မှတ်ရှိသူ ကိုချာလီကို အခုလို ရဲက မတရားလုပ်တဲ့အတွက် မိတ်ဆွေတွေက လူ့အခွင့်အရေးနဲ့ တိုးတက်မြှင့်တင်ရေးဖောင်ဒေးရှင်းကို အကူအညီတောင်းခဲ့ပါတယ်။ အဲဒီအဖွဲ့က ရှေ့နေတွေ ငှားရမ်းပြီး ဒီကိစ္စ တရားရုံးတင်ခဲ့ပါတယ်။

အပြစ်မရှိသူ ကိုချာလီကို ဖမ်းဆီးထားတဲ့ လ၀ကရဲကို ပထုန်ဌာနီတရားရုံးက လျော်ကြေးငွေ တနေ့ ဘတ် ၂၀၀ နှုန်းနဲ့ ၁၅ ရက်စာ ပြန်လျော်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

လုပ်ကိုင်စားသောက်ရ ခက်ခဲသွားတဲ့ ကိုချာလီကို လျော်ကြေးငွေအဖြစ် စီပီဆောက်လုပ်ရေး ကုမ္ပဏီက ဘတ် ၁ သိန်း၊ သူကိုတဆင့်ငှားရမ်းခဲ့သူ ကန်ထရိုက်ကို ဘတ် ၅ ထောင် ပေးအပ်ဖို့ တရားရုံးက စီရင်ဆုံးဖြတ်ခဲ့တာမှာ သြဂုတ် ၂၇ ရက်နေ့မှာ လျော်ကြေးငွေ အားလုံးကို ပြန်ရခဲ့တာလို့ ကိုစိန်ဌေးက ပြောပါတယ်။

ကိုချာလီ မတော်တဆ ဖြစ်ခဲ့ချိန်က ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပရကန်ဆန်ခုံးလို့ ခေါ်တဲ့ လူမှုဖူလုံရေးရန်ပုံငွေထဲ ပါဝင်နိုင်တဲ့ အခွင့်အရေးမရှိသေးပါဘူး။ ဒါကြောင့် အလုပ်သမားတွေ  လုပ်ငန်းခွင် မတော်တဆထိခိုက်မှုရှိရင် လျော်ကြေးမရခဲ့ပါဘူး။

ရွှေ့ပြောင်းလုပ်သားတွေ လူမှုဖူလုံရေးရန်ပုံငွေထဲ ပါဝင်ခွင့်ရရေးအတွက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အကြိမ်ကြိမ် တောင်းဆိုမှုတွေ လုပ်ခဲ့တာမှာ အခုတော့ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကတ်ရှိသူတိုင်း လူမှုဖူလုံရေး ရန်ပုံငွေထဲပါဝင်နိုင်ပြီ ဖြစ်ပါတယ်။

လူမှုဖူလှုံရေးရန်ပုံငွေရှိရင် နေထိုင်မကောင်းဖြစ်တာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာ နဲ့ ဆေးကုသ ကုန်ကျစရိတ်တွေအားလုံးကို လူမှုဖူလုံရေးက ကျခံပေးပါတယ်။

လူမှုဖူလုံရေးအဖွဲ့ထဲဝင်ရင် အလုပ်သမားဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို လစဉ်စုဆောင်းရမှာဖြစ်တယ်။ ၅ ရာခိုင်နှုန်းကို အလုပ်သမားလစာကနေဖြတ်ပြီး ၅ ရာခိုင်နှုန်းက အလုပ်ရှင်၊ ၅ ရာခိုင်နှုန်းကို အစိုးရက လစဉ် စုဆောင်းပေးတယ်။

ဒါပေမယ့်လည်း အလုပ်သမားအတွက် ပေးဆောင်ရမယ့် စုဆောင်းငွေကို မပေးလိုတဲ့ လုပ်ငန်းရှင်တွေ တော်တော်များများ ရှိနေသေးတဲ့အတွက် အခွင့်အရေးရှိပါလျက်နဲ့ လူမှုဖူလုံရေးကတ်မရှိတဲ့ အလုပ်သမား တော်တော်များများ ရှိနေသေးတယ်လို့  မဟာချိုင် အလုပ်သမား ခေါင်းဆောင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013