DVB Logo
Home
မြန်မာသတင်း
အလှမယ်ရွှေအိမ်စည် Miss Supranational 2018 ပြိုင်ပွဲဝင်ရန် ပိုလန်သို့ ထွက်ခွာ
DVB
·
November 23, 2018
အလှမယ်ရွှေအိမ်စည် Miss Supranational 2018 ပြိုင်ပွဲဝင်ရန် ပိုလန်သို့ ထွက်ခွာ
1 / 7
Donate to DVB

၂၀၁၈ ခုနှစ်အတွက် Miss Supranational အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ် စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ရွှေအိမ်စည်ဟာ နိုဝင်ဘာလ ၂၂ ရက် နေ့ ညနေပိုင်းက လေကြောင်းလိုင်းနဲ့ ထွက်ခွာသွားပါတယ်။

ဒီပြိုင်ပွဲဟာ ရွှေအိမ်စည်အတွက် နိုင်ငံတကာအလှမယ်ပြိုင်ပွဲ နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့ ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၇ က Miss Grand International အဖြစ် ရွေးချယ်ခံရပေမယ့် ပြိုင်ပွဲကို သွားရမယ့် ရက်ပိုင်းလောက်အလိုမှာ သရဖူရုပ်သိမ်းခံခဲ့ရလို့ သွားရောက်မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

အခုနှစ်ရဲ့ Miss Supranational အလှမယ်ပြိုင်ပွဲကိုတော့ ပိုလန်နိုင်ငံမှာ ဒီဇင်ဘာ ၆ ရက်နေ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရွှေအိမ်စည်ဟာ အစကတော့ ပိုလန်နိုင်ငံကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ရေးကိုယ်တာ အတားအဆီးအနှောင့်အယှက်တွေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဒီပြိုင်ပွဲကို ဦးစီးကျင်းပတဲ့ Miss Golden Myanmar က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ ရွှေအိမ်စည်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဓာတ်ပုံတပုံတင်ခဲ့ပြီး ပရိသတ်တွေကို ခုလို ဖိတ်ခေါ်ထားခဲ့တာပါ။

“အိမ်စည့်ကို လေဆိပ်လိုက်ပို့ချင်တယ်ဆိုရင်တော့ မနက်ဖြန် ၃:၃၀ လေဆိပ်ကို အရောက်လာပေးကြနော်၊ အားလုံးကိုဖိတ်ခေါ်ပါတယ်။ See you tomorrow!”

Miss Supranational အလှမယ်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၂၀၁၃ ခုနှစ်မှာ အလှမယ် ခင်ဝင့်ဝါ၊ ၂၀၁၄ ခုနှစ်မှာ အလှမယ် ဟန်တီ၊ ၂၀၁၅ ခုနှစ်မှာ အလှမယ် L ဘောက်နူး၊ ၂၀၁၆ ခုနှစ်မှာ အလှမယ် ဆွေဇင်ထက်၊ ၂၀၁၇ ခုနှစ်မှာ အလှမယ် ရွှေမှုးဟန်တို့က အသီးသီး ရရှိ ခဲ့ပြီး နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Miss Golden Land Myanmar

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013