DVB Logo
Home
မေးမြန်းခန်း
ဝန်ကြီးအပြောင်းအလဲအပေါ် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမြင်သဘောထား
DVB
·
August 31, 2012
ဝန်ကြီးအပြောင်းအလဲအပေါ် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမြင်သဘောထား
1 / 6
Donate to DVB

ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်တင်ဖို့အတွက် သမ္မတဦးသိန်းစိန် အမိန့်နဲ့ ပြည်ထောင်စုဝန်ကြီး ၉ ဦးနဲ့ ဒုတိယ၀န်ကြီး ၁၅ ဦးတို့ကို ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့က ပြောင်းလဲတာဝန်ပေးအပ်လိုက်ပါတယ်။



[caption id="attachment_30102" align="alignleft" width="201" caption="ဒေါက်တာ စိုင်းကျော်အုန်း  "][/caption]

ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဒေါက်တာ စိုင်းကျော်အုန်း - ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“အလုပ်မဖြစ်တော့ အသစ်တွေ ပြန်ရွေးတဲ့သဘောပါပဲ။ ပိုကောင်းသွားမှာပေါ့။ ၀န်ကြီးအပြောင်းအလဲ ဖြစ်တာတွေကို ကြိုဆိုပါတယ်။ ပိုပြီးတော့ မြန်မြန် သွက်လက်သွားမှာပေါ့ အလုပ်တွေက ဒီလိုမြင်ပါတယ်။ ၀န်ကြီးထဲမှာ ပညာရှင်တွေများများပါဖို့ ပိုကောင်းတာပေါ့။ လက်တွေ့လုပ်နိုင်မယ့်သူတွေ များများပါရင် ပိုကောင်းတယ်။ ၀န်ကြီးအပြောင်းအလဲအပေါ်မှာ ဒါက သမ္မတကြီးက ပိုသိမှာပေါ့၊ သူပြောင်းသင့်တယ်ဆိုပြီး ပြောင်းလိုက်တာဖြစ်မယ်၊ ကောင်းပါတယ်။”

ဦးဖြိုးမင်းသိန်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

[caption id="attachment_30104" align="alignright" width="202" caption="ဦးဖြိုးမင်းသိန်း "][/caption]

“အခုပြောင်းသွားတဲ့ ၀န်ကြီးဌာန အပြောင်းအလဲတွေနဲ့ တချို့ အနားယူသွားတဲ့ ၀န်ကြီးဌာန အခြေအနေတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်ဖို့အတွက် အစိုးရဘက်က အပြောင်းအလဲတရပ် လုပ်လာတယ်လို့ ရှုမြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ဆောင်ရွက်လိုက်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အပြောင်းအလဲဆိုရင်လည်း အားလုံး သိပြီးတဲ့အတိုင်း ပြန်ကြားရေးဝန်ကြီးဌာနဟာ အစဉ်အဆက် ဆင်ဆာဥပဒေတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အခက်အခဲရှိပါတယ်။ ဘာလို့လဲဆိုတော့ စတုတ္ထမဏ္ဍိုင်ရဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် ၀န်ကြီး အပြောင်းအလဲဟာ ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်တယ်လို့ ကြိုဆိုချင်ပါတယ်။ နောက်တခါ တင်းမာတဲ့ ၀န်ကြီးတွေကို ပြုပြင်ပြောင်းလဲရေးအတွက် ၀န်ကြီးဌာနထဲကနေ အနားယူသွားတယ်ဆိုတာလည်း ကောင်းပါတယ်။ ဥပမာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းဆိုရင် မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ သူပြောခဲ့တဲ့ စကားရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်ပဲ ဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်သူလူထုအတွက် အကျိုးမရှိနိုင်တဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလိုလူတွေ ၀န်ကြီးဌာနမှာပါနေတာ အစိုးရအတွက် ဂုဏ်သိက္ခာကျပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက်လည်း အဟန့်အတားဖြစ်စေပါတယ်။ ဒီအတွက် အခုပြောင်းလဲမှုတွေ အားလုံးဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အကျိုးရှိစေနိုင်တယ်။ ဒါကြောင့် ဒီပြောင်းလဲမှုကို ကြိုဆိုပါတယ်။”

[caption id="attachment_30103" align="alignleft" width="200" caption="ဦးစိုးဝင်း "][/caption]

ဦးစိုးဝင်း - အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“၀န်ကြီးအပြောင်းအလဲကတော့ အစကတည်းက သမ္မတကြီးက ပြောထားတယ်။ဒီစနစ်ကို သွားတဲ့နေရာမှာ မလိုက်နိုင်တဲ့ သူတွေလည်း ကျန်ခဲ့လိမ့်မယ်။ သူကတော့ ဖြစ်အောင်၊ ကောင်းအောင် ဆက်လုပ်သွားမယ်ဆိုတော့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အတွက် လုပ်တာကြောင့် မကြိုဆိုစရာ အကြောင်းမရှိပါဘူး။ အန်ကယ်တို့ လွှတ်တော်ကြီးလည်း ပေါ်လာပြီ။ အကောင်းဆုံးက တိုင်းပြည်အတွက် တရားစီရင်ရေးရယ်၊ အုပ်ချုပ်ရေးပိုင်းရယ်၊ ဥပဒေပြုရေးအပိုင်းရယ် မဏ္ဍိုင်ကြီးသုံးရပ်ကို လက်တွဲညီညီနဲ့ သွားနိုင်ရင် အကောင်းဆုံးပါပဲ။”

[caption id="attachment_30105" align="alignright" width="201" caption="ဦးဘရှိန်"][/caption]

ဦးဘရှိန် - ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

“ကျနော်တို့ သမ္မတကြီးကပြောတယ်။ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုပြီး သမ္မတကြီးက ပြောနေတာပဲ။ သူတို့အုပ်ချုပ်ရေး ကောင်းမွန်ဖို့နဲ့ သန့်ရှင်းဖို့အတွက် လိုအပ်တဲ့လူတွေကို အပြောင်းအလဲ လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့။ ဒီမိုကရေစီသွားနေတဲ့ခေတ်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့၊ လုပ်ကိုင်ဖို့  အဲဒီလို အရည်အချင်းတွေ ရှိတဲ့ ၀န်ကြီးတွေကို ရှာမှာပေါ့။ ရှာလို့တွေ့ရင် တာဝန်ပေးမှာပေါ့။ အဲဒီလို လုပ်တဲ့အခါမှာ အခက်အခဲ အဟန့်အတားဖြစ်ရင် တာဝန်က နားခိုင်းမှာပေါ့။  နိုင်ငံတော်မှာလည်း ဒီလို လုပ်နေကြတယ်လို့ အန်ကယ်တို့ မြင်ရတယ်လေ။

[caption id="attachment_30106" align="alignleft" width="201" caption="ဒေါက်တာမျိုးအောင်"][/caption]

ဒါကြောင့် ကောင်းတဲ့အပြောင်းအလဲတွေ လုပ်နေလို့ အင်အားစုဆောင်းတယ်လို့ နားလည်ရမှာပေါ့နော်။ အန်ကယ်တို့လည်း အဲဒီလို သဘောရပါတယ်။”

ဒေါက်တာမျိုးအောင် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်)

“သမ္မတကြီးက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြင့်မြင့်နဲ့ ဆောင်ရွက်နေတာကို။ သူ့နားမှာ အများကြီး ကူညီပေးနိုင်မယ့် ပျော့ပျောင်းညင်သာမှုကို လက်ခံထားတဲ့၊ ဒီမိုကရေစီအပြောင်းအလဲကို လိုလားတဲ့ ပုဂ္ဂိုလ်တွေ သမ္မတကြီးနားကို ရောက်လာတယ်လို့ အောက်မေ့ပါတယ်။ အဲဒီအတွက်လည်း အများကြီး ကြိုဆိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013