DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်တွင် ၃၄ ကြိမ်မြောက် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
DVB
·
November 22, 2018
ရွှေတိဂုံစေတီတော်တွင် ၃၄ ကြိမ်မြောက် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Donate to DVB

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ၃၄ ကြိမ်မြောက် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ဒီနေ့မနက်စောစော အရုဏ်မတက်မီ ၃ နာရီခွဲမှာ စတင်ကျင်းပပါတယ်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဘဏ္ဍာရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအတွက် လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ချည်တွေဝယ် ဆေးဆိုးကာ ကြိုတင်စီစဉ် လေ့ကျင့်ပေးထားရတယ်လို့ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ  အတွင်းရေးမှူး ဒေါ်တင်တင်အေးက ပြောပါတယ်။

မသိုးသင်္ကန်း ဆပ်ကပ်လှူဒါန်းရာမှာ ပထမဆုရ အင်ကြင်းပန်းစင်တော်ရဲ့ သင်္ကန်းတော်ကိုတော့ ဘဒ္ဒကမ္ဘာမှာ ပထမဆုံး ပွင့်တော်မူတဲ့ ကကုသန်မြတ်စွာဘုရားအတွက် ရည်စူးကပ်လှူ ပူဇော်ခဲ့ပါတယ်။

ရက်လုပ်ထားတဲ့ မသိုးသင်္ကန်းတွေကို ဆုချီးမြှင့်ဖို့အတွက် အထည်အလိပ် ပညာရှင်တွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ရွေးချယ်ခဲ့ကြပါတယ်။

ပထမဆုရှင် ပဲခူးမြို့နယ်က မဇင်သူဖြိုးက “သင်္ကန်းကပ်ရတဲ့အတွက် ကြည်နူးတယ်။ နှစ်တိုင်းလည်း ပြိုင်ခွင့်ရှိလို့ အရမ်းပျော်မိတယ်” လို့ ပြောပါတယ်။

ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီးနောက် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကိုလည်း ကျင်းပခဲ့ကြပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ ရင်ပြင်တော်အပြည့် လာရောက်ကုသိုလ်ယူခဲ့ကြပါတယ်။

သတင်း - ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013