DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တိုးတက်ရန် ဒေါ်လာ ၂၁၅ သန်းကျော် ထောက်ပံ့
DVB
·
November 22, 2018
မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တိုးတက်ရန် ဒေါ်လာ ၂၁၅ သန်းကျော် ထောက်ပံ့
Donate to DVB

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ ၅ နှစ်တာကာလအတွက် ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂၁၅ သန်းကျော် ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာပြည်ရှိ ထိခိုက်လွယ်တဲ့ လူအုပ်စုတွေရဲ့ ကျန်းမာရေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) ကတဆင့် ထောက်ပံ့ပေးသွားမယ်လို့ ဆွစ်ဇာလန်သံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေရဲ့ အကြီးအကဲ ဆွစ်ဇာလန်သံရုံး ပထမအတွင်းဝန် ရီယာဘွန်ဇီက “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှေ့ကို အများကြီး ရည်မှန်းဆောင်ရွက်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ထိခိုက်မှုအများဆုံး လူအုပ်စုတွေထံ ရောက်ရှိဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ရတယ်” လို့ ပြောပါတယ်။

ဝေးလံခက်ခဲတဲ့ နေရာတွေနဲ့ ပဋိပက္ခဒေသတွေမှာ နေထိုင်သူတွေ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိစေဖို့ အစိုးရနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီသွားမယ်လို့လည်း ပြောပါတယ်။

မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာပေမယ့် မညီမျှတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အထင်အရှား ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့ကျန်းမာရေးကဏ္ဍ အကူအညီပေးရေးနဲ့ ပတ်သက်တဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ အလှူရှင် လေးနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013