DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲ တရားမဝင် အလှူခံသည့် မြန်မာသီလရှင် ၂ ပါး ဖမ်းဆီး လူဝတ်လဲခံရ
DVB
·
November 21, 2018
ထိုင်းနိုင်ငံထဲ တရားမဝင် အလှူခံသည့် မြန်မာသီလရှင် ၂ ပါး ဖမ်းဆီး လူဝတ်လဲခံရ
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်သွားပြီး အလှူခံခဲ့တဲ့ မြန်မာသီလရှင် ၂ ပါးကို  ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူလိုက်ပါတယ်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ထဲက အသက် ၆၀ အရွယ် သီလရှင် ၂ ပါးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ထဲကို ဝင်ရောက်အလှူခံရာမှာ ပြည်ဝင်ခွင့် အထောက်အထား မရှိလို့ ထိုင်းအာဏာပိုင်တွေက ၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

နိုဝင်ဘာ ၂၀ ရက် မနက်မှာတော့ တာချီလိတ်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ သီလရှင် ၂ ပါးကို ထိုင်းအာဏာပိုင်တွေက မြန်မာအာဏာပိုင်တွေလက်ထဲ တရားဝင် ပြန်လည် အပ်နှံပေးခဲ့ပါတယ်။

တာချီလိတ် အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမားရေးဌာန၊ သာသနာရေးဦးစီးဌာနနဲ့ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတွေက အဲဒီ သီလရှင် ၂ ပါးကို လက်ခံယူခဲ့ကြပါတယ်။

မယ်ဆိုင်ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန်က “သူတို့က မြန်မာနိုင်ငံမှာ သာသနာဝင်ကတ်လည်းမရှိ၊ ထိုင်းကိုလည်း တရားမဝင် သွားပြီး အလှူခံတာဟာ နိုင်ငံနဲ့ သာသနာ ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူတာဖြစ်လို့  တာချီလိတ်မြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆုံးမသြဝါဒပေး၊ လူဝတ်လဲပြီး နယ်နှင်ဒဏ် ၆ လ ပေးလိုက်ပါတယ်။ နောင် ဒီလိုမျိုး နိုင်ငံနဲ့ သာသနာ မထိခိုက်စေရအောင်လို့ အပြစ်ပေးလိုက်တာပါ။”

အဲဒီပြစ်ဒဏ်အရ သီလရှင် လူဝတ်လဲ ၂ ဦးအနေနဲ့ ၆ လအတွင်း တာချီလိတ်ခရိုင်ထဲမှာ နေထိုင်ခွင့်မရဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဒေါ်ပညာ (ခ) ဒေါ်မာဂရက် (၆၁ နှစ်) နဲ့ ဒေါ်မာလာရီ (ခ) ဒေါ်ဝင်းမေ (၆၀ နှစ်) တို့ဖြစ်ကြပြီး သီလရှင်အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် နိုင်ငံခြားကို တရားမဝင် သွားရောက်အလှူခံရင် ခုလို ပုဒ်မ ၂၉၅(က) သာသနာတော် ညှိုးနွမ်းစေမှုနဲ့  ပြစ်ဒဏ်ခံရမယ်လို့ ဦးအောင်ဖြိုးရှိန်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ရန်ကုန်နဲ့ တခြားမြို့တွေမှာ တရုတ်ဘုန်းကြီးတွေ လာရောက်အလှူခံတာ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပေမယ့် သက်ဆိုင်ရာကတော့ ခုချိန်အထိ အရေးယူတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013