DVB Logo
Home
အာရှဒေသ
သေစေလောက်တဲ့အရာတွေကြောင့် အင်အားတွေ တိုးလာရတယ်ဆိုတဲ့ ကမ္ဘောဒီယားကဗျာဆရာ
DVB
·
August 31, 2012
သေစေလောက်တဲ့အရာတွေကြောင့် အင်အားတွေ တိုးလာရတယ်ဆိုတဲ့ ကမ္ဘောဒီယားကဗျာဆရာ
Donate to DVB

ဒီနှစ် အိုလံပစ်ပြိုင်ပွဲကြီးရဲ့ ယဉ်ကျေးမှုပွဲတော်မှာ ကမ္ဘောဒီယား နိုင်ငံကို ကိုယ်စားပြု သွားရောက်ခဲ့တဲ့ ကဗျာဆရာ ကော်ဆယ်လ်ခိဖ် တယောက် သူ့နိုင်ငံကို ပြန်ရောက်လာပါပြီ၊၊ ကမ္ဘာတ၀ှမ်းက ကဗျာဆရာပေါင်း ၆၀၀၀ တက်ရောက်တဲ့ ပွဲကို တက်ရောက်ဖို့ သူလည်း ရွေးချယ်ခံရပါတယ်။

ကော်ဆယ်လ်ဆိုတာက သူ့ဘ၀ရဲ့ အချိန်အတော်များများကို အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်စခန်းတခုမှာ ဖြတ်သန်းခဲ့ရတဲ့သူ၊၊ ကမ္ဘောဒီးယားမှာ ခမာနီတွေ အုပ်စိုးခဲ့တဲ့အချိန်၊ သူ့ဆယ်ကျော်သက်အရွယ်မှာပဲ သူ့မိသားစုက အမေရိကန်မြေပေါ်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
အဲဒီနောက် အမေရိကန်ပြည်ထောင်စုရဲ့ အကျဉ်းထောင်တွေထဲမှာပဲ သူက ကဗျာတွေကို စပြီး ထိတွေ့ခွင့်ရခဲ့တယ်။ မနှစ်တုန်းက ကမ္ဘောဒီးယားကို ပြန်ပို့ခံရပါတယ်၊ အခုတော့ သူဟာ ကမ္ဘောဒီယားလူငယ်တွေ အားကျလောက်တဲ့ ကဗျာဆရာတယောက်ဖြစ်နေပါတယ်၊၊ ကိုတီရက်သ် ဟင်းမ် (Khortieth Him)က သူ့အကြောင်း ပြောပြမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013