Home
သတင်းဓာတ်ပုံ
လမ်းမတော် တန်ဆောင်တိုင်ပွဲဈေး မိုးဖျက်မည်ကို ဈေးသည်များစိုးရိမ် (ဓာတ်ပုံ)
သူဇာလင်း
·
November 21, 2018
Lanmadaw Tasaungtaing Festival09-Thuzar Linn
Lanmadaw Tasaungtaing Festival08-Thuzar Linn
Lanmadaw Tasaungtaing Festival07-Thuzar Linn
Lanmadaw Tasaungtaing Festival06-Thuzar Linn
Lanmadaw Tasaungtaing Festival05-Thuzar Linn
Lanmadaw Tasaungtaing Festival04-Thuzar Linn
Lanmadaw Tasaungtaing Festival03-Thuzar Linn
Lanmadaw Tasaungtaing Festival02-Thuzar Linn
Lanmadaw Tasaungtaing Festival01-Thuzar Linn
တန်ဆောင်တိုင် အခါသမယရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲဈေးကို အခုနှစ်မှာလည်း နိုဝင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ ငါးရက်ကြာ အစဉ်အလာမပျက် ကျင်းပနေပါတယ်။ ရန်ကုန်မြို့လယ်ခေါင် လမ်းမတော်လမ်းနဲ့ အနော်ရထာလမ်းဆုံတဲ့ နေရာကနေ အနော်ရထာလမ်းတလျှောက် လမ်းမတော် ၃ လမ်းအထိ ဈေးဆိုင်ခန်းတွေ ခင်းကျင်း ရောင်းချထားပါတယ်။ ဆိုင်ခန်းဈေးနှုန်းတွေကတော့ တညကို ကျပ် ၅၀၀၀ ကနေ ငါးညစာအတွက် ကျပ် ၁ သိန်းလောက်အထိ ဆိုင်ခန်းအလိုက် ဈေးအမျိုးမျိုး ပေးဆောင်ရတယ်လို့ ဈေးရောင်းချသူတွေက ပြောပါတယ်။ သီတင်းကျွတ်ကာလတုန်းက မိုးရွာသွန်းခဲ့လို့ ရေကျော်ပွဲဈေးမှာ အရောင်းအဝယ် ပါးသွားခဲ့သလို အခု လမ်းမတော် တန်ဆောင်တိုင်ပွဲဈေးမှာလည်း မိုးရွာမှာကို ဈေးသည်တွေက စိုးရိမ်နေကြပါတယ်။ လမ်းမတော်မြို့နယ်မှာ တန်ဆောင်တိုင်ပွဲဈေးအပြင် လမ်းမတော် ၁၃ လမ်းမှာလည်း ဦးဘဂျမ်း အထိမ်းအမှတ် ဂုဏ်ပြု ကာတွန်းပြပွဲကိုလည်း ကျင်းပနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024