
အာဆင်နယ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တောင်ပံကစားသမားလေး မက်စ်ဒေါင်းမန်းဟာ လွန်ခဲ့တဲ့ရာသီက အသင်းကြီးမှာ အောင်မြင်စွာ ပွဲထွက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူ့ကို ကမ္ဘာ့စံချိန် ၃ ခု တပြိုင်တည်း ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒေါင်မန်းဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် အသက်ငယ်ဆုံးကစားသမား၊ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အသက်ငယ်ဆုံး ဂိုးသွင်းရှင်၊ ပရီးမီးယားလိဂ် ချန်ပီယံ အသက်အငယ်ဆုံးကစားသမား စတဲ့ စချိန်တွေတင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ မီကေလ်အာတီတာဟာ ဒီလူငယ်ကစားသမားလေးကို အသင်းကြီးမှာ ပါဝင်ကစားဖို့ အခွင့်အရေးတွေ တဖြည်းဖြည်းချင်း ပေးအပ်ခဲ့ပါတယ်။
နည်းပြရဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့ မက်စ်ဒေါင်းမန်းဟာ ကွင်းလယ်နဲ့ တောင်ပံတွေမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။











