DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံမြို့နယ်တွင် ဖမ်းမိသည့် ကသမျှင်ငါးကြီး ကျပ်သိန်း ၅၆၀ ကျော်ဖြင့် ရောင်းချ
DVB
·
November 21, 2018
ချောင်းဆုံမြို့နယ်တွင် ဖမ်းမိသည့် ကသမျှင်ငါးကြီး ကျပ်သိန်း ၅၆၀ ကျော်ဖြင့် ရောင်းချ
Donate to DVB

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ အလျား ၆ ပေရှိ ကသမျှင်ငါးကြီးတကောင်ကို ဖမ်းမိခဲ့ပြီး ရောင်းချရာမှာ ကျပ်သိန်း ၅၆၀ ကျော် ရခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန သတင်းမှာ ဖော်ပြပါတယ်။

၂၀၁၈-၁၉ လုပ်ငန်းရာသီအတွက် တင်ဒါပေးထားတဲ့ ပိုက်ချက်တွေထဲက ချောင်းဆုံမြို့နယ် ဝဲကလိ အတန်းလိုက် တင်ဒါပိုက်ချက်အမှတ် ၁ ကို ဝယ်ယူရရှိသူ ဦးမြင့်လွင်ရဲ့ ပိုက်ထဲမှာ မိခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ ဦးမြင့်လွင်ရဲ့ ပိုက်ချက် ၁၂ လုံးတန်းထဲက ၈ လုံးမြောက်မှာ တန်ဖိုးမြင့် ကသမျှင်ငါး အမတကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီ ကသမျှင်ငါးဟာ အလျား ၆ ပေ၊ အနံ ၁ ပေ ၁ လက်မရှိပြီး အလေးချိန် ၃၅ ပိသာခွဲ ရှိပါတယ်။ ဈေးကွက်ထဲ ရောင်းချရာမှာ ဒေသပေါက်ဈေး ကျပ် ၅၆၅ သိန်း ရရှိခဲ့တယ်လို့ ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ကျိုက်ခမီရေလယ်ဘုရား အနောက်ဘက် အမှတ် ၂ ဘော်ယာအနီး ကမ်းခြေက ၃ မိုင်လောက်အကွာမှာ အလေးချိန် ၂၁ ပိသာရှိတဲ့ ကသမျှင် ငါးတကောင်၊ ကျိုက်ခမီမြို့ ကမ်းခြေက ၃ မိုင်လောက်အကွာ အမှတ် ၂ ဘော်ယာနဲ့ အမှတ် ၃ ဘော်ယာကြားမှာ အလေးချိန် ၃၆ ပိသာရှိတဲ့ ကသမျှင်ငါးတကောင် ဖမ်းမိခဲ့ဖူးပါတယ်။

အခု ၂၀၁၈ ဇန်နဝါရီလကုန်ပိုင်းမှာလည်း ကျိုက်ခမီမြို့ ကမ်းခြေက ၁၀  မိုင်လောက်အကွာမှာ အလေးချိန် ၁၆ ပိသာခွဲရှိတဲ့ ကသမျှင်တကောင်ကို ဖမ်းဆီးရခဲ့ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါး ပုစွန် ထုတ်လုပ်မှုနှုန်း မြင့်မားစေဖို့ ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက်တွေ ချပေးနေတာမှာ ၂၀၁၈-၁၉ ခုနှစ် လုပ်ငန်းရာသီမှာ ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးတဲ့ လုပ်ငန်းရှင်တွေကို တင်ဒါပိုက်ချက် ၂၅ ချက်ကို လုပ်ကိုင်ခွင့် ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013