DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 20, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ/RC 2018) က ပိဿာ ၆၀ ဝင် တအိတ်ကို ၈၂၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲ ပိဿာ ၆၀ ဝင် တအိတ်ကို ၈၅၀၀၀ ကျပ်မှ ၈၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၅၉၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ပဲတီစိမ်း တအိတ်ကို ၉၉၉၀၀ ကျပ် ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၆၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၅၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူ (ပဲခူး၊ မင်းလှ၊ မြစ်ဝကျွန်းပေါ်) က ပိဿာ ၆၀ ဝင် တအိတ်ကို ကျပ် ၆၃၀၀၀ မှ ၇၆၂၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ တအိတ်ကို  ၈၂၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ကျပ် ၈၈၀၀ ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၂၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက တအိတ်ကို ၆၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ကျပ် ၇၀၀၀ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက် ၄၅ ပိဿာဝင် တအိတ်ကို ၂၃၀၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၄၅ ပိဿာဝင် တအိတ်ကို ၂၆၅၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၄၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၆၆၅၀၀၀ ကျပ်မှ ၂၈၂၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၄၅ ပိဿာဝင် တအိတ်ကို ၂၆၅၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ် ဈေးရှိနေပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၁၂၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013