DVB Logo
Home
မြန်မာသတင်း
သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့် ကိုယ်ဝန်ဖျက်ချခိုင်းသည့်ဖခင်အား ဖမ်းဆီး
DVB
·
November 20, 2018
သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့် ကိုယ်ဝန်ဖျက်ချခိုင်းသည့်ဖခင်အား ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာမှာ သမီးအရင်းကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန် နှစ်ကြိမ်ဖျက်ချခိုင်းသူ တဦးကို  နိုဝင်ဘာ ၁၈ရက် ညနေက ဖမ်းဆီးခဲ့တယ်လို့ နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ညွန့်ဝင်းက ပြောပါတယ်။

အဓမ္မပြုကျင့်သူ တောင်ငူနယ်သား ဖခင် ဦးညီပုဟာ ၅၆ နှစ်အရွယ်ရှိပြီး သမီးကတော့  ၁၈ နှစ်အရွယ်ဖြစ်ပါတယ်။ မိခင်ကတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။

ရဲအုပ်ကျော်ညွန့်ဝင်းက“ကောင်မလေးကို သူ့အဖေက မှောင်ကာနီးမှာ ခေါ်လာခဲ့တာ။ ရဲစခန်းတောင်ဘက်နားမှာ ဆိုင်ကယ်နဲ့ပွတ်မိပြီး စကားများကြတယ်။ ကျနော်လည်း စခန်းကနေထွက်ပြီး မိသားစုတွေပဲ ပြေပြေလည်လည်ပြောဖို့ ပြောတယ်။ ကောင်မလေးက သူ့အမေနဲ့ ခုအဖေက မွေးတာ သူတဦးပဲ ရှိတယ်။ သူ့အမေ အရင်ယောက်ျားနဲ့မွေးတာ မောင်နှမ လေးယောက်ရှိသေးတယ်။ အဲဒီအစ်ကိုကို လှမ်းခေါ်တာ။ အိမ်ပြန်ရင်အဖေက သူ့ကိုသတ်မှာဆိုပြီး အကြောင်းစုံပြောတယ်။ အစ်ကိုက တိုင်မယ်ဆိုတော့ မိုးညှင်းစခန်းကို လွှတ်လိုက်တယ်။ အဲ့ဒီ လူကိုတော့ စခန်းကို ချော့ခေါ်ခဲ့ပြီး ထိန်းထားလိုက်ရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဦးညီပုဟာ ဇနီးသည်ကွယ်လွန်ပြီး ခြောက်လအကြာမှာ သမီးရင်းကို အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ပြီးနောက် ရလာတဲ့ကိုယ်ဝန်ကို နှစ်ကြိမ်ဖျက်ချခိုင်းခဲ့သလို အိမ်ကနေ နှင်ချလို့ ထွက်သွားမယ်ဆိုတဲ့အခါမှာလည်း အမျိုးမျိုးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးညီပုဟာအရင်ကလည်း မောဟန်လူပျိုခေါင်းကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပေမယ့် ၅ နှစ်နဲ့ လေးလကျခံပြီးနောက် ထောင်က ပြန်လွတ်လာသူဖြစ်ပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတွေက သိရှိပေမယ့် ကြောက်လို့ မတိုင်ရဲကြတာလို့  ရဲအုပ်ကျော်ညွန့်ဝင်းက ပြောပါတယ်။ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ဦးညီပုကို နယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်း - ခင်သန်းညွှန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013