DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်းများအတွက် တက်ဘလက် ၃၅၀၀ ကျော်ပေးအပ်
DVB
·
November 20, 2018
စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်းများအတွက် တက်ဘလက် ၃၅၀၀ ကျော်ပေးအပ်
1 / 9
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းတွေနဲ့ မြို့နယ်/တိုက်နယ် ဆရာဝန်တွေအတွက် တက်ဘလက်အလုံး ၃၅၀၀ ကျော်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီကနေ့ မုံရွာမြို့၊ မြို့တော်ခန်းမမှာ ပေးအပ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပေးအပ်ထားတဲ့ မိုဘိုင်းတက်ဘလက်တွေကို အကျိုးရှိရှိသုံးနိုင်ရင် နိုင်ငံခြားဆရာဝန်တွေထက်တောင် တိုးတက်မယ်၊ ခလုတ်တချက်နှိပ်တာနဲ့ အောက်ခြေကနေ ဗဟိုထိ အလျင်အမြန်ဆက်သွယ်နိုင်ဖို့ တက်ဘလက်တွေပေး တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

“နောက်ပိုင်းမှာ တက်ဘလက်ကိုသုံးပြီးတော့ သင်တန်းပို့ချတာတွေကို လုပ်မယ်။ ဘာကြောင့်လဲဆိုတော့ ထောင်သောင်းချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်လိုက် သင်တန်းပေးလိုက်နဲ့ နောက်ထပ် နှစ် ၅၀ ကြာသွားမယ်။ ဒါကြောင့် နောက်ပိုင်းသင်တန်းတွေကို တက်ဘလက်ကတဆင့်ပဲ ပေးတော့မယ်။ တက်ဘကလက်က ဘယ်လိုအကျိုးရှိသလဲဆိုရင် ဝန်ကြီးအဆင့်ကနေ သားဖွားဆရာမအထိ တခုပြောချင်ရင် ခလုတ်တချက်နှိပ်တာနဲ့ အကုန်ရောက်သွားမယ်။ ပို့ချင်တဲ့ အဆင့် အကုန်ရောက်သွားမယ်။ ကပ်ရောဂါအသွင်ရှိတဲ့ ရောဂါဖြစ်လာရင် ဗဟိုကနေ ဆောင်ရန်ရှောင်ရန်တွေ တခါထဲ ပြောနိုင်မယ်။ ဖြစ်လာရင် ချက်ချင်း သတင်းပို့နိုင်မယ်။ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ချက်ချင်း ညွှန်ကြားနိုင်မယ်။”လို့ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားမှာ ပြောသွားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကျန်းမာရေးအသိပညာတွေ တိုးပွားစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေရေးတို့ကို ရည်ရွယ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ  မိုဘိုင်းတက်ဘလက်တွေကို ခုလို ဖြန့်ဝေပေးနေတာပါ။

တက်ဘလက်ထဲမှာ အခြေခံကျန်းမာရေးဝန်ထမ်းတွေအတွက် သိသင့်တဲ့လုပ်ထုံးလုပ်နည်း၊ ကုထုံးတွေပါဝင်တဲ့ စာအုပ်ပေါင်း ၁၂၀၊ တိုက်နယ်/မြို့နယ်ဆရာဝန်တွေအတွက် ကုသရေး၊ သတင်းအချက်တွေပါဝင်တဲ့ စာအုပ်ပေါင်း ၅၃၀ ကျော်ထည့်သွင်းပေးထားပါတယ်။

တက်ဘလက်မှာ Mobile Device Management Systemကို အသုံးပြုထားပြီး အကြောင်းအမျိုးမျိုးကြောင့် တက်ဘလက်ကျပျောက်ခဲ့ရင်လည်း အခြားသူသုံးစွဲမရအောင် စီမံထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တက်ဘလက်တွေကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ဆင်းကတ်၊ အင်တာနက်၊ Power Bank ပါထည့်ပေးထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒေါ်အေးအေးစိန်ကတော့ တက်ဘလက်ကို အသုံးချပြီး ကျန်းမာရေးအသိပညာတွေ တိုးပွားအောင်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းတွေအတွက် အစိုးရက တက်ဘလက်ပေါင်း ၃၅၂၄ လုံးပေးအပ်ခဲ့ပြီ  တနိုင်ငံလုံးအနေနဲ့ စစ်ကိုင်းတိုင်းအပါအဝင် ကယားပြည်နယ်၊ မကွေးတိုင်း၊ မွန်ပြည်နယ်တို့မှာလည်းပေးအပ်ခဲ့ပြီး စုစုပေါင်း ၇၇၆၁ လုံးကို ပေးအပ်ထားပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013