DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စီးပွားရေးတက္ကသိုလ် အချိန်ပိုင်းနည်းပြကို တရက် ၁၀၀၀ ကျပ်နှုန်းသာပေးနိုင်
DVB
·
November 20, 2018
ရန်ကုန်စီးပွားရေးတက္ကသိုလ် အချိန်ပိုင်းနည်းပြကို တရက် ၁၀၀၀ ကျပ်နှုန်းသာပေးနိုင်
Donate to DVB

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ခန့်ထားဖို့ မဟာတန်း အောင်မြင်ပြီးသူတွေကို တရက် ၁၀၀၀ ကျပ်နှုန်းပဲ ပေးနိုင်တာဟာ ဘဏ္ဍာရေး စည်းမျဉ်းကြောင့် ဖြစ်တယ်လို့ အဆင့်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဘာသာရပ် ၈ ခုမှာ သင်ကြားပို့ချဖို့အတွက် မဟာတန်း အောင်မြင်သူတွေကို ဘာသာရပ်တခုမှာ ၁၀ ယောက်နှုန်းနဲ့ အချိန်ပိုင်းနည်းပြအဖြစ် ခန့်အပ်နိုင်ရေး အဆင့်မြင့်ပညာဦးစီးဌာနကို တင်ပြခဲ့ပါတယ်။

ဒီအပေါ်မှာတရက်မှာ ကျပ်၁၀၀၀ နှုန်းနဲ့ တလမှာကျပ်၂၀၀၀၀ ပဲ ခံစားခွင့်ရမှာ ဖြစ်တယ်လို့ အဆင့်မြင့် ပညာဦးစီးဌာနက အကြောင်းပြန်ထားပါတယ်။

ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက “ဘဏ္ဍာစည်းမျဉ်းစည်းကမ်းနဲ့ နှုန်းသတ်မှတ်ထားတဲ့အတိုင်းပဲ ပေးရတာဗျ။ အနိမ့်ဆုံး လုပ်အားခနဲ့တော့ ညှိလို့မရဘူး ထင်တယ်ဗျ။ ကျနော်တို့မှာ အကြံပေးတို့၊ ဧည့်ပါမောက္ခတို့ ဆိုရင်လည်း တလကို တသိန်းထက် မပိုရဘူးဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ ကျနော်တို့ သတ်မှတ်တာ မဟုတ်ဘူး ခင်ဗျ။ အရင်ကတည်းက စီမံဘဏ္ဍာ ဝန်ကြီးဌာနတို့က သတ်မှတ်ထားတာ။ ဧည့်ပါမောက္ခတွေဆိုရင် မတ်တပ်ရပ် စာသင်နိုင်တဲ့ အခြေအနေ ရှိရမယ်။ တခါလာရင် လက်ချာလာပေးရင် ၅၀၀၀ကျပ် နဲ့ တလကို တသိန်းထက် မပိုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်” လို့ ပြောပါတယ်။

ဒီလိုလုပ်ခတွေကို ခေတ်နဲ့အညီ ပြန်ပြီး ပြင်ဆင်ပေးသင့်တယ်လို့လည်း ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။

“အရင်တုန်းက သတ်မှတ်ထားတာတွေကို ပြန်ပြင်ပေးဖို့ လိုတာပေါ့နော။ ပြင်ဆင်ပေးရင်တော့ ပိုကောင်းတာပေါ့။ ကလေးတွေရော၊ ပညာရှင်လူကြီးတွေရောအတွက်၊ ကျနော်တို့ ပညာရေး ဝန်ကြီးဌာနကတော့ အဲလို ပြင်ဆင်ဖို့ မတတ်နိုင်ဘူး။ စီမံဘဏ္ဍာဝန်ကြီးဌာနတို့ကပဲ လုပ်ပေးရမှာ” လို့ ပြောပါတယ်။

အချိန်ပိုင်းနည်းပြအဖြစ် ခန့်ထားမယ်ဆိုရင် ခန့်ထားမယ့် ဘာသာရပ်၊ ဌာနအသီးသီးရဲ့ အလုပ်ဝန်၊ လက်ရေးလျှောက်လွှာ၊ ၃၆ ချက်ကိုယ်ရေးမှတ်တမ်းတို့နဲ့တကွ တင်ပြဖို့ကိုလည်း အဆင့်မြင့်ပညာဦးစီးဌာနက အကြောင်းပြန်ထားပါတယ်။

ဓာတ်ပုံ-YUE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013