DVB Logo
Home
မြန်မာသတင်း
ဆိုရှယ်မီဒီယာစောင့်ကြည့်အဖွဲ့ အကြမ်းဖက်လုပ်ရပ်များကို စောင့်ကြည့်နေ
DVB
·
November 20, 2018
ဆိုရှယ်မီဒီယာစောင့်ကြည့်အဖွဲ့ အကြမ်းဖက်လုပ်ရပ်များကို စောင့်ကြည့်နေ
Donate to DVB

အကြမ်းဖက်လုပ်ရပ်တွေကို စောင့်ကြည့်လေ့လာဖို့အတွက် ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ Social Media Mornetering Team ဖွဲ့စည်းထားတာဖြစ်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

မိတ္ထီလာမဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက ဆိုရှယ် မီဒီယာစောင့်ကြည့်ရေးအဖွဲ့ရဲ့ နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာချပြဖို့ အစီအစဉ် ရှိ၊ မရှိ ဆက်စပ်မေးခွန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“Social Media Morneteringကို ဖွဲ့စည်းခဲ့တာဆိုရင် ဒီနှစ်ဆန်းပိုင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါ တယ်။ အဲ့ဒီတော့ ကျနော်တို့မှာ စက်တွေတပ်ဆင်တဲ့ကိစ္စ ၀ယ်ယူတပ်ဆင်ခြင်း နောက်ပြီးတော့ ကျနော်တို့ လေ့ကျင့်သင်ကြားခြင်း ကျနော်တို့ ဒီဟာတွေကို ဆောင်ရွက်ခဲ့ရပါတယ်။ ဒါကြောင့်မို့ ခုချိန်မှာဆိုရင်တော့ဖြင့် ဒီစနစ်ကို စတင်အသုံးပြုလျက် ရှိပါတယ်။ လုပ်တဲ့လုပ်ငန်းတွေက အကြမ်းဖက်လုပ်ငန်းတွေ ဥပဒေဘောင်ပြင်ပကဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေကို လေ့လာ ဆန်းစစ်ပြီးတော့ အချက်အလက်စုဆောင်းတဲ့လုပ်ငန်းဖြစ်တဲ့အတွက် တဘက်က ဥပဒေဘောင် ပြင်ပကလူတွေ မသိအောင် ကျနော်တို့က ဆောင်ရွက်ကြရပါတယ်။”

အာဆီယံနိုင်ငံတွေမှာလည်း အလားတူဖွဲ့စည်းလုပ်ဆောင်နေကြပေမယ့် ရရှိတဲ့ အချက်အလက်တွေကိုတော့ ပွင့်လင်းမြင်သာစွာချပြလေ့မရှိကြဘူးလို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆဋ္ဌမအကြိမ်ပြည်သူ့လွှတ်တော်မှာ အိုင်တီနည်းပညာအလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းဖို့  ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို အတည်ပြုခဲ့ပါတယ်။

၂၀၁၇ သြဂုတ် ၂၃ရက်မှာတော့ အစိုးရအဖွဲ့က ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Social Media Mornetering Team ဖွဲ့စည်းဖို့ သဘောတူခွင့်ပြုခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဆိုရှယ်မီဒီယာစောင့်ကြည့်ဖို့ ငွေကျပ် သန်း ၆၄၂၆ သုံးတဲ့အပေါ် မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး ပို့ဆက်ဝန်ကြီးဌာနဘက်ကတော့ စက်တွေ တန်ဖိုးကြီးတယ်လို့ ပြန်လည်ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ 9/11 အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံတွေဟာ အိုင်တီနည်းပညာသုံးပြီး အကြမ်းဖက်တိုက်ခိုက်မယ့် သူတွေနဲ့ အဖွဲ့အစည်းတွေကို စောင့်ကြည့်လေ့လာတာတွေ လုပ်ဆောင်လာကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013