DVB Logo
Home
မြန်မာသတင်း
ဦးဘဂျမ်းဂုဏ်ပြု ၇၅ နှစ်ပြည့်စိန်ရတု ကာတွန်းပြပွဲ  
DVB
·
November 20, 2018
ဦးဘဂျမ်းဂုဏ်ပြု ၇၅ နှစ်ပြည့်စိန်ရတု ကာတွန်းပြပွဲ  
1 / 18
Donate to DVB

လူ့ကျင့်ဝတ် ခေါင်းစဉ်နဲ့ကျင်းပနေတဲ့ ကာတွန်းပြပွဲနဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊  ၁၃ လမ်းမှာ အစဉ်အလာမပျက် ကျင်းပနေပါတယ်။

ကာတွန်းဆရာကြီးဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကာတွန်းပြပွဲတွေကို လမ်းမတော် ၁၃ လမ်းမှာ နှစ်စဉ်ကျင်းပလာတာ ဒီနှစ်မှာတော့  ၇၅ နှစ်ပြည့် စိန်ရတု ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြပွဲမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကာတွန်းဆရာ အယောက် ၅၀ ရဲ့ ကာတွန်းလက်ရာ ၃၀၀ ကို ပြသချိတ်ဆွဲထားပြီး လူ့ကျင့်ဝတ်ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ ကာတွန်းလက်ရာတွေကို ရွေးချယ်ကာ အထူးဆု၊ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုတွေကိုလည်း ချီးမြှင့်မယ်လို့  ပွဲစီစဉ်သူတွေက ပြောပါတယ်။

ကာတွန်းပြပွဲနဲ့ မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၉ ရက်က ၂၃ ရက်အထိ ၅ ရက်ကြာ ကျင်းပမှာဖြစ်ပတယ်။

နှစ်စဉ်တန်ဆောင်တိုင်ကာလရောက်တိုင်း ကာတွန်းပြပွဲတွေကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် အပါအဝင် အင်းစိန်မြို့နယ် ဖော့ကန်၊ သန်လျင်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာလည်း ကျင်းပနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013