DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ပိုင်ခွင့်ပါမစ်များ မြန်မြန်ဆန်ဆန်ချပေးရန် ၀န်ကြီးဌာနအသစ်က လုပ်ဆောင်မည်
DVB
·
November 20, 2018
စီးပွားရေးလုပ်ပိုင်ခွင့်ပါမစ်များ မြန်မြန်ဆန်ဆန်ချပေးရန် ၀န်ကြီးဌာနအသစ်က လုပ်ဆောင်မည်
Donate to DVB

စီးပွားရေးလုပ်ပိုင်ခွင့်ပါမစ်တွေကို မြန်မြန်ဆန်ဆန် ပေးအပ်နိုင်ဖို့အတွက် ဝန်ကြီးဌာနအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းလိုက်တာလို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသစ်ကို နိုင်ငံတော် အစိုးရက အသစ်ဖြည့်စွက် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားလိုက်တာပါ။

“နိုင်ငံခြားလုပ်ငန်းရှင်တွေက လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုမိန့်တွေရဖို့ ကြံ့ကြာနေတဲ့အချက်ကို တင်ပြလာတာတွေရှိတယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လုပ်ထုံးလုပ်နည်းတွေထဲက ကြံ့ကြာနေတဲ့ အဆင့်တွေ လျော့ချဖို့ ဝန်ကြီးဌာန အဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ စတင်သွားမယ်”လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

လတ်တလော အသစ်ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့အတူ  မြန်မာ့စီးပွားရေးကို မြန်ဆန်စွာ လုပ်ကိုင်နိုင်ဖို့ စီမံသွားမယ်လို့လည်း ဆိုပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို နိုင်ငံတော်သမ္မတက မနေ့က ပြောင်းလဲ ခန့်အပ် တာဝန်ပေးထားပါတယ်။

ဝန်ကြီးဌာနအသစ်ဖွဲ့စည်းဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ သဘောတူညီခဲ့ပြီးနောက် သမ္မတက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို အတည်ပြုဖွဲ့စည်းလိုက်ပြီး ၀န်ကြီးသစ်ကိုလည်း ခန့်အပ်ခဲ့တာဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013