DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဒေသခံများကို အခမဲ့ဆေးကုသပေး
DVB
·
November 20, 2018
ကျောက်ကြီးမြို့နယ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဒေသခံများကို အခမဲ့ဆေးကုသပေး
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သစ်ခြဆိပ်ကျေးရွာမှာ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဆေးကုသိုလ် အခမဲ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ရက်က အဆိုပါကျေးရွာမှာ ဒေသခံရွာသားတွေကို ဆရာဝန်နှစ်ဦးက  တာဝန်ယူ ကုသပေးခဲ့ပြီး ဆေးဝါးတွေကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။ ကျေးရွာမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေရဲ့ ဖိတ်ကြားချက်အရ ဆေးကုသိုလ်အဖြစ် အခမဲ့သွားရောက် ဆေးကုသပေးနေ တာလို့  ဗဟို ဦးဆောင်ကော်မတီဝင် ဦးမြင့်ဝင်းမောင်က ပြောပါတယ်။

“ဒီဒေသဟာ အရင်က အမဲရောင်နယ်မြေဖြစ်ခဲ့တယ်၊ ဒေသဖွံ့ဖြိုးရေးနောက်ကျခဲ့တယ်။ ကျန်းမာရေးဆေးခန်းတွေနဲ့ အလွန်ဝေးကွာတယ်။ ကျေးရွာမှာ သားဖွားဆရာမ တယောက်ပဲ ရှိတယ်။ ကျောက်ကြီးမြို့ပေါ်က ဆေးဆိုင်တွေဆီက ဆေးဝါးတွေကို တခြားမြို့ကြီးတွေက ဆေးဆိုင်တွေထက် ငါးဆလောက် ဈေးတင်ရောင်းတာတွေ့ရတယ်။ အဲ့ဒါကြောင့် ကျန်းမာရေး စရိတ်ဟာ အဆမတန် ကြီးမားနေတယ်။”

ပြည်သူတွေရဲ့ လူမှုရေးလိုအပ်ချက်တွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့  မြန်မာနိုင်ငံ ဒေသအနှံ့အပြားက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ဆေးကုသိုလ်အဖွဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေးအပြည့်အဝရရှိရေး၊ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေတဲ့ စစ်ပွဲတွေရပ်ဆိုင်းရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေကိုဖြေရှင်းနိုင်ဖို့  နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က ကြိုးပမ်းနေတယ်လို့လည်း အဖွဲ့ချုပ်တာဝန်ရှိသူတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013