DVB Logo
Home
မေးမြန်းခန်း
မြန်မာနိုင်ငံသွားမည့် ပြည်ပအဖွဲ့အစည်း ခေါင်းဆောင်အချို့နှင့် မေးမြန်းချက်
DVB
·
August 30, 2012
မြန်မာနိုင်ငံသွားမည့် ပြည်ပအဖွဲ့အစည်း ခေါင်းဆောင်အချို့နှင့် မေးမြန်းချက်
1 / 4
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် ၊ ဒေါက်တာနိုင်အောင်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် အပါအ၀င် ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်အချို့ မကြာခင် ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး ပြန်ကြမှာဖြစ်ပြီး အစိုးရက ၁ လဗီဇာ ခွင့်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ သွားရောက်ရတဲ့ အဓိကရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။

ဦးထွန်းအောင်ကျော်

[caption id="attachment_30077" align="alignright" width="271" caption="ဦးထွန်းအောင်ကျော်"][/caption]

“အဓိက သွားရတဲ့ အရေးကြီးဆုံး ရည်ရွယ်ချက်က ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဘယ်လိုလုပ်မလဲ၊ ဘာလို့လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်လောက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်လုပ် တိုင်းပြည်က မတိုးတက်နိုင်ဘူး။ ပြည်တွင်းစစ်ဆိုတဲ့ နွံထဲကနေ မတက်နိုင်မချင်း ကျနော်တို့က ဒီအတိုင်းပဲ ဒုက္ခရောက်နေမှာပဲ။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုနည်းလမ်းရှာမလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့မိတ်ဆွေတွေ၊ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ကြဖူးတယ်။ အဲလူတွေရဲ့ ခံစားချက်တွေ သိနိုင်နားလည်နိုင်တာ သူတို့နဲ့အတူနေခဲ့တဲ့ ကျနော်တို့ပဲရှိတယ်။ အဲ့ဘက်ပိုင်းတွေမှာ ကျနော်တို့က သူတို့ဘက်အခြမ်း ခံစားချက်တွေကို သိတယ်။ ဒီဘက်အခြမ်းရဲ့ အမြင်တွေကို မေးမယ်။ ညှိလို့ရရင် ညှိပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ပထမဆုံးအဆင့်အနေနဲ့ လုပ်ချင်တယ်။ အဓိက ရည်ရွယ်ချက်က ဒါပါ။”

ဒေါက်တာ နိုင်အောင်

[caption id="attachment_30078" align="alignleft" width="300" caption="ဒေါက်တာ နိုင်အောင်"][/caption]

“ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပြောတာကတော့ သမ္မတက ကျနော်တို့နဲ့ တွေ့နိုင်မယ်၊ လာပါပြောတဲ့အပေါ်မှာ သမ္မတနဲ့တွေ့ဖို့၊ အစိုးရထဲက တာဝန်ရှိတဲ့ ၀န်ကြီးတွေနဲ့ တွေ့ဖို့ဆိုတဲ့ ဖိတ်ကြားချက်နဲ့ပဲ သူတို့ရဲ့ စီစဉ်ပေးမှုနဲ့သွားတာပေါ့နော်။ ကျနော်တို့ဘက်ကလည်း တင်ပြစရာရှိတာကို တင်ပြခွင့်ရမယ်ဆိုတဲ့အပေါ်မှာသွားတာပါ။ တပြိုင်နက်ထဲမှာပဲ အထဲမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့တွေ့မယ်။ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း တွေ့မယ်။ သူတို့ရဲ့ အသံတွေ၊ အမြင်တွေ နားထောင်ချင်တယ်။ တိုင်းပြည်ထဲမှာ အခု ဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ လေ့လာချင်တာပေါ့။ ပြောမယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးနဲ့ လေ့လာရေးအစီအစဉ်ပေါ့။”

ဦးအောင်မိုးဇော်

[caption id="attachment_30079" align="alignright" width="255" caption="ဦးအောင်မိုးဇော်"][/caption]

“၃ ရက်နေ့ကို ကျနော်သွားမယ်။ အစိုးရပိုင်းနဲ့ တွေ့မယ်ဆိုရင် ကျနော်တို့ပါတီ ပြန်ပြီးတော့ ရပ်တည်တဲ့ကိစ္စ အဓိကထားပြီး ဆွေးနွေးမယ်။ ကျန်တဲ့အပိုင်းကတော့ ဟိုမှာရှိတဲ့ လူ့ဘောင်သစ် စည်းရုံးရေးကော်မတီနဲ့ ဆွေးနွေးမယ်။ တခြားလူ့ဘောင်သစ်တွေနဲ့ တွေ့မယ်၊ ၈၈ နဲ့ တွေ့မယ် ။ နောက် တခြား တွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့မယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ရဲ့ ပါတီ ပြန်လည်ရပ်တည်ခွင့်ကိစ္စကို အဓိက ထားပြီး ဆွေးနွေးမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013