DVB Logo
Home
မြန်မာသတင်း
ခန့်စည်သူ၊ ဇေရဲထက်၊ ၀တ်မှုန်ရွှေရည်တို့ပါဝင်သည့် ဖရဲသီးမော်ဒယ်ဟာသရုပ်ရှင်(နမူနာ)
DVB
·
November 20, 2018
ခန့်စည်သူ၊ ဇေရဲထက်၊ ၀တ်မှုန်ရွှေရည်တို့ပါဝင်သည့် ဖရဲသီးမော်ဒယ်ဟာသရုပ်ရှင်(နမူနာ)
Donate to DVB

မြန်မာ အချစ်ဟာသ ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့ကြမယ့် ဖရဲသီးမော်ဒယ် အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီကားကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လုံမ ရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

    ခြေထောက်တဖက် မသန်တဲ့ ဒုက္ခိတအစ်ကိုတယောက်နဲ့အတူ နေထိုင်ရင်း ဖရဲ သီးရောင်းနေရတဲ့ ကောင်မလေးတယောက်ရဲ့ အိပ်မက်က သရုပ်ဆောင် မင်းသမီးဖြစ်ဖို့။ အဲဒီလိုဖြစ်လာဖို့အတွက် ဘယ်လိုအခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ။ အခက်အခဲတွေ၊ ရယ်မောပျော်ရွှင်စရာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကြေကွဲခံစား ရမှုတွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား ခန့်စည်သူ၊ ဇေရဲထက်တို့နဲ့အတူ သရုပ် ဆောင်မင်းသမီး ၀တ်မှုန်ရွှေရည်တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ် ဆောင်တွေအနေနဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ နွယ်ဒါလီထွန်း၊ တက္ကသိုလ် ဂွမ်းပုံစတဲ့ သရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။

    ဖရဲသီးမော်ဒယ် ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက် နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း Facebook ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013