DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီအရေး လုပ်သင့်လုပ်ထိုက်တာလုပ်နေဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
November 20, 2018
ဘင်္ဂါလီအရေး လုပ်သင့်လုပ်ထိုက်တာလုပ်နေဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံဖို့အတွက် နိုင်ငံတကာက ဖိအားပေးမှုတွေ အမျိုးမျိုးရှိနေပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ဆောင်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ကပြောပါတယ်။

“ကျနော်တို့ရဲ့ ပုံမှန် လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားရင် နိုင်ငံတကာဖိအားတွေ လျော့သွားအောင်ဆောင်ရွက်နေတယ်။ ကျနော်တို့ ပုံမှန်လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်နေ တာပါ”လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နေရပ်စွန့်ခွာသူတွေကို နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ နိုဝင်ဘာ ၁၅ ရက်က ပြန်လည်လက်ခံဖို့အတွက် ဆောင်ရွက်ထားခဲ့ပေမယ့် တဦးတယောက်မှ ၀င်ရောက်တာမရှိလို့ အစီအစဉ် ဒီဇင်ဘာလကို ရွေ့ဆိုင်းလိုက်ရပါတယ်။

ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အကြောင်းလာတဲ့ အကြောင်းကိုလည်း ဒေါက်တာဝင်းမြတ်အေးက အခုလို ရှင်းပြပါတယ်။

“ဒီဇင်ဘာလကုန်လောက်မှာ ပြန်စနိုင်မယ်၊ သူတို့ နိုင်ငံရွေးကောက်ပွဲတွေ ပြီးမှပဲ လုပ်မယ်ဆို ပြီး ပြောပါတယ်။ ဒါလဲ နှစ်နိုင်ငံက ညှိနှိုင်းဆောင်ရွက်တာဖြစ်လို့ သူတို့က ဒီဒုက္ခသည်တွေကို ပြန်ပို့မှ ပြန်လည်လက်ခံလို့ရတာ ပြန်ပို့တာကလည်း စနစ်တကျပြန်ပို့မှုကို လိုလားတဲ့အတွက် မျှော်လင့်တယ် တိုက်တွန်းတယ်။ ဒါမျိုးကိုပဲ ကျနော်တို့ ဆောင်ရွက် ထားပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြစ်ဝ ကျောက်တန်းမြို့နယ်မှာ ဖမ်းမိတဲ့ ဒုက္ခသည် ၁၀၀ ကျော်ထဲက ၄၀ ဦးကတော့ ကျေးရွာတွေကဖြစ်ပြီး ၆၆ ဦးကတော့ စစ်တွေ ဒုက္ခသည်စခန်းတွေက ဖြစ်တယ်လို့လဲ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မနေ့က နေပြည်တော်ရှိ မြတ်မင်္ဂလာဟိုတယ်မှာကျင်းပတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား အပြီးမှာ ပြည်ထောင်စုဝန်ကြီးက မီဒီယာတွေရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013