DVB Logo
Home
မြန်မာသတင်း
ဒွိုင်အင်းထနွန်းတောင်ပေါ်၌ မင်္ဂလာဆောင်ဓာတ်ပုံရိုက်သည့် မြန်မာစုံတွဲ ဘတ် ၁၀,၀၀၀ ဒဏ်ရိုက်ခံရ 
DVB
·
September 23, 2026
Photo: Amjommie Andmoomu Facebook
Photo: Amjommie Andmoomu Facebook
Donate to DVB

ထိုင်းနိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ ချင်းမိုင်က ဒွိုင်အင်းထနွန်းတောင်ပေါ်တက်ပြီး တားမြစ်ထားတဲ့ နေရာမှာ မင်္ဂလာဆောင်ဓာတ်ပုံ ဝင်ရိုက်တဲ့ မြန်မာစုံတွဲနဲ့ ရိုက်ကူး‌‌ရေးသမားတွေကို သက်ဆိုင်ရာက ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ချမှတ်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၃ ရက်က အန်ကာတောင်ကုန်းပေါ်က လူလျှောက်လမ်းရဲ့ အတွင်းပိုင်း ၃ မီတာလောက် အကွာမှာ “ခေါက်ဒေါက်ရေးဆီ” (ရသေ့စပါးနှံဟု အဓိပ္ပာယ်ရ) အမည်ရှိ ရှားပါးရေမှော်ပင်တွေ နင်းခြေခံထားရတာ တွေ့ရှိတယ်လို့ ဒွိုင်အင်းထနွန်း အမျိုးသားဥယျာဉ် သစ်တောထိန်းသိမ်းရေးဌာန ဦးစီးမှူး နိုင်းကျီရနစ်ချိန်းဆအတ်က သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီအပင်တွေဟာ သဘာဝရေဝေရေလဲကို တနှစ်ပတ်လုံး စိမ်းလန်းစိုပြည်အောင် ထိန်းသိမ်းပေးတယ်၊ ပင်လယ်ပြင်အထက် အမြင့်မီတာ ၂,၀၀၀ ကျော်မှာသာ ရှင်သန် ပေါက်ရောက်ပြီး လွန်စွာနုနယ်ကာ ကြီးထွားမှု အလွန်နှေးကွေးတယ်၊ စိုက်ပျိုးထိန်းသိမ်းရ ခက်ခဲတာကြောင့် ဝင်ခွင့် တားမြစ်ထားတာဖြစ်တယ်၊ အဲဒီနေ့က အပင်တွေ နင်းခြေခံထားရတာ တွေ့ရှိလို့ စီစီတီဗီကင်မရာကနေ စစ်ဆေးရာမှာ ထိုင်းနဲ့ မြန်မာတွေပါတဲ့ လူ ၁၀ ယောက်လောက်ဟာ အဲဒီနားမှာ Pre-Wedding မင်္ဂလာဆောင်စုံတွဲ အလှပုံတွေ လာရောက်ရိုက်ကူးကြတာ တွေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဓာတ်ပုံလာရိုက်ခဲ့သူတွေကို ဆက်သွယ်ပြီး သူတို့ဟာ တားမြစ်ထားတဲ့နေရာကို ကျူးကျော်ဝင်ရောက်တာကြောင့် ၂၀၁၉ ခုနှစ် အမျိုးသားဥယျာဉ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၇၊ ၂၀၂၂ ခုနှစ် ဒဏ်ကြေးငွေပေးဆောင်စေခြင်းဆိုင်ရာ ဥပဒေနဲ့ ၂၀၂၀ ပြည့်နှစ် အမျိုးသားဥယျာဉ်၊ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ အမျိုးသားဥယျာဉ်အတွင်း ဝင်ရောက်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေအရ စွဲဆိုထားကြောင်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာတော့ မင်္ဂလာဆောင်ပုံ လာရိုက်တဲ့အဖွဲ့က မြန်မာကိုယ်စားလှယ် ၂ ယောက် တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံပြီး စွဲဆိုချက်တွေကို လက်ခံကြောင်း၊ ကန့်သတ်ထားတဲ့နေရာ မသိဘဲ ဝင်ရောက်မိလို့ တောင်းပန်ကြောင်း ပြောဆိုပြီး ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ကိုပါ ပေးဆောင်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: ThaiPBS / Chiangmai News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013