DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်
DVB
·
November 20, 2018
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အသစ်ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်တွေအရ တာဝန်ပေးအပ်လိုက်တာလို့ သမ္မတရုံးက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးပြီး အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေးရဲ့ သဘောတူညီချက်အရ ဖြည့်စွက် ဖွဲ့စည်းလိုက်တာလို့လည်း သမ္မတရုံးက နိုဝင်ဘာ ၁၉ ရက်က သီးခြား အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ သဘောတူညီခဲ့ပြီးနောက် သမ္မတက ခုလို ဝန်ကြီးခန့်အပ်တဲ့ အမိန့်စာ ထုတ်ပြန်လိုက်တာပါ။

အဲဒီဝန်ကြီးဌာနအသစ်ကို စီမံဘဏ္ဍာဝန်ကြီးဌာန အောက်မှာရှိတဲ့ ဌာနနှစ်ခုနဲ့ ပူးပေါင်းဖွဲ့စည်းမှာဖြစ်တယ်လို့ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013