DVB Logo
Home
မြန်မာသတင်း
ယူရိုသန်း ၇၀ ချေးငွေယူလုပ်ဆောင်မည့် ရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်း အန်အယ်လ်ဒီအမတ်ကန့်ကွက်
DVB
·
November 19, 2018
ယူရိုသန်း ၇၀ ချေးငွေယူလုပ်ဆောင်မည့် ရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်း အန်အယ်လ်ဒီအမတ်ကန့်ကွက်
Donate to DVB

ယူရိုငွေသန်း ၇၀ ချေးငွေနဲ့ ဆောင်ရွက်မယ့် ရန်ကုန်တိုင်းဖွံ့ဖြိုးရေး စီမံကိန်းဟာ Water Taxi  ကမ္ပဏီအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တဦးက ဝေဖန် ပြောကြားလိုက်ပါတယ်။

ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံက ယူရိုသန်း ၇၀ ချေးယူလုပ်ဆောင်မယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး  ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်ပြည်သူတွေအတွက် အဓိကလိုအပ်ချက်မဟုတ်ဘဲ Water Taxi ကုမ္ပဏီအတွက် လုပ်ဆောင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ အန်အယ်လ်ဒီ ပါတီဝင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ဝေဖန်ပြောပါတယ်။

ရန်ကုန်ပြည်သူတွေအဓိက ခံစားနေရတဲ့ ယာဉ်ပိတ်ဆို့မှုပြဿနာ၊ မှုခင်းဖြစ်ပွားမှု လျော့ချနိုင်ဖို့ လမ်းမီးတိုင် မီးလင်းရေးကိစ္စတွေကို အဓိကမလုပ်ဘဲ ရန်ကုန်ပြည်သူအများစု အသုံးပြုမှုမရှိတဲ့ ရေလမ်းခရီးစဉ် အဆင်ပြေစေဖို့ လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့် အခုလို ပြောရတာလို့ ဒေါက်တာခင်မောင်မောင်က ဆိုပါတယ်။

“ကားလမ်းနဲ့ ရထားလမ်းကို ပေါင်းပေးလိုတဲ့ကိစ္စ။ Water Taxi ကုမ္ပဏီ ကောင်းစားအောင် လုပ်ပေးတဲ့ကိစ္စပဲ။ ဒီလိုဘဲ ဒဲ့ပြောမယ်။ စဉ်းစားကြည့် နောက်တခုက ဗမာပြည်ရဲ့ လူတွေရဲ့ အကျင့်က အထူးသဖြင့် ရန်ကုန်တိုင်းပေါ့။ ရန်ကုန်တိုင်းက လူတွေက သင်္ဘောစီးသွားဖို့ စိတ်မကူးကြဘူး။ မြန်မြန်ထက်ထက် လိုင်းကားစီးသွားမယ်။ ရထားနဲ့သွားမယ်။ အဲဒီရေလမ်းက တအိအိသွားတာ။ မသွားကြဘူး။ အပန်းဖြေတဲ့ သူတွေလောက်ဘဲ စီးမှာ။ အခုဘဲ Water Taxi လုပ်တယ်။ လူတွေရတယ်။ အခု စီးမယ့်သူမရှိတော့ဘူး။ နောက်ဘယ်လိုဖြစ်မလဲ ဆိုတော့ ဟိုတုန်းက အလုံနဲ့ ဖောက်ထားတဲ့ လျှပ်စစ်မီးရထားလမ်း။ အခုရပ်လိုက်ရပြီ။ သန်းပေါင်းများစွာ ကုန်ခံပြီးလုပ်ထားတာ။ တိုင်းပြည်ဘယ်လောက် ဆုံးရှုံးနစ်နာသလဲ။ အရင်းတောင် ပြန်မရဘူး” လို့ ဒေါက်တာခင်မောင်မောင်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်မယ့် စီမံကိန်းမှာတော့ ရန်ကုန်မြစ်တလျောက်နဲ့ ငမိုးရိပ်ချောင်းမျက်နှာစာ ဖွံ့ဖြိုးရေးနဲ့ ရေကြီးရေလျှံမှုလျော့ချရေးအတွက် လုပ်မှာဖြစ်သလို ကမ်းဘေး ဝန်းကျင်မှာ အပန်းဖြေစခန်းတွေ တည်ဆောက်သွားဖို့လည်း ပါဝင်ပါတယ်။

အဲဒီစီမံကိန်းအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံက ယူရိုသန်း ၇၀ ချေးယူဆောင်ရွက်မယ့်အပြင် ဥပရောပသမဂ္ဂက ထောက်ပံ့ငွေ ယူရို ၉ ဒသမ ၅သန်းနဲ့ မြန်မာအစိုးရက ထောက်ပံ့ငွေ ယူရို ၅ ဒသမ ၂ သန်း အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013