DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 19, 2018
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၄၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၂၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မကွေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက တအိတ်ကို ၆၉၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၈၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ

ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၇၂၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၄၄၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၈၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မကွေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူက တအိတ်ကို ၁၈၅၀၀၀ ကနေ ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနီ

မကွေးကုန်စည်ဒိုင်မှာ နှမ်းနီက တအိတ်ကို ၁၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013