DVB Logo
Home
မြန်မာသတင်း
စစ်​​တွေ-အငူ​မော်​ ကမ်းကူးဇက်​​ပေါ်တွင်  ကျပ်သိန်း​​ ၁၈၆၀၀ တန်​ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ
DVB
·
November 19, 2018
စစ်​​တွေ-အငူ​မော်​ ကမ်းကူးဇက်​​ပေါ်တွင်  ကျပ်သိန်း​​ ၁၈၆၀၀ တန်​ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်​​တွေ-အငူ​မော်​ ကမ်းကူး ဇက်​​ပေါ်မှာ ကား​တစီးပေါ်ကနေ ကျပ်သိန်း​​ ၁၈၆၀၀ တန်​ဖိုးရှိ စိတ်ကြွမူးယစ်​​ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် မူးယစ်တပ်ဖွဲ့က သိရပါတယ်။

နိုဝင်​ဘာ ၁၉ ရက်​မနက်​က စစ်​​တွေမှ အငူ​မော်​သို့ထွက်​ခွာမယ့် ကမ်းထိုးဇက်​ ကတိုး​ရေယာဉ်​​ပေါ်မှာ​ တင်​​ဆောင်လာတဲ့ ယာဉ်​အမှတ်​ YGN 2H-9273 KLUGER ယာဉ်​ကို သတင်းအရ ရှာ​ဖွေစစ်​​ဆေးခဲ့တာပါ။

စစ်ဆေးရာမှာ ကားရဲ့​နောက်​ခန်း ပစ္စည်းထား​တဲ့ အန်​​ဘောင်​အတွင်း အန်​၀ှက်​နဲ့ ပြုလုပ်​ထည့်ထား​တဲ့ R တံဆိပ်​ပါ လိ​မ္မော်​​ရောင်​စိတ်​ကြွ​ရူးသွပ်​​ဆေးပြား ၁၀၀၀၀ပါ ၆၂ ထုတ်​ စုစု​ပေါင်း ၆၂၀၀၀၀ ပြား ကာလတန်​ဖိုး သိန်း​ပေါင်း ၁၈၆၀၀ တန်​ဖိုးရှိ မူးယစ်​​ဆေးတွေကို တရားခံနဲ့အတူ ရှာ​ဖွေဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့  မောင်​​တောမြို့​ အမှတ်​ (၃) ရပ်​ကွက်​​နေ ကားဒရိုက်ဘာ ​ကျော်​နိုင်​ (၂၄ နှစ်)​ကို မူးယစ်​​ဆေးဥပ​ဒေအရ အရေးယူ​ဆောင်​ရွက်​ထား​ပါတယ်​။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013