Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး မတူညီသည့်အသံများနားထောင် ရန်ကုန်ဝန်ကြီးချုပ်ပြော
ကျော်ဇေယျာဝင်း
·
November 19, 2018
46412241_2283245228416387_5514708372789657600_o
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ မတူညီတဲ့အသံတွေနားထောင်ပြီး ဘယ်လိုကုစားမလဲ ဘယ်လိုတည်ဆောက်မလဲဆိုတာ နားလည်ထားဖို့အရေးကြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အသွင်တူဆောင်ရွက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာမှာ အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေခိုင်မာဖို့က အဓိကကျတယ်လို့လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့လက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အန်စီအေ စာချုပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်ပွဲနဲ့ ထိပ်သီးတွေ့ဆုံပွဲ လုပ်ပြီးနောက်မှာ ရပ်တန့်နေတဲ့အပြင် နောက်ပြန်သွားမယ့် အနေအထားရှိနေ တယ်လို့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်နေကြပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုပါဝင်ဖို့အရေးကြီးနေပြီး အစုအဖွဲ့တွေ ကိုယ်စားပြုကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လူထုရဲ့ မျက်နှာမူဖို့ လိုအပ်တယ်၊ အဖွဲ့အစည်းတခုရဲ့ အကျိုးစီးပွား၊ လူမျိုးတမျိုးရဲ့ အကျိုးစီးပွားကိုအခြေခံပြီး မစဉ်းစားဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လူငယ်တွေနားလည်လာမှု မြင့်တက်လာအောင် ရည်ရွယ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အသွင်တူဆောင်ရွက်ခြင်း ဆွေးနွေးပွဲကို ၅ ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံက တက္ကသိုလ်၊ ကောလိပ်အသီးသီးက အသက်၁၇ နှစ်နဲ့ အသက် ၂၄အတွင်းက ကျောင်းသူကျောင်သား ၈၀ ကျော် တက်ရောက်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024