DVB Logo
Home
မြန်မာသတင်း
ငွေချေးသည့်ကိစ္စ ရွေးကောက်ပွဲနှင့်မဆိုင်ဟု ကြံ့ခိုင်ရေးပါတီပြော
DVB
·
November 19, 2018
ငွေချေးသည့်ကိစ္စ ရွေးကောက်ပွဲနှင့်မဆိုင်ဟု ကြံ့ခိုင်ရေးပါတီပြော
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကို စွဲဆိုထားတဲ့ အမှုကို ဥပဒေအတိုင်း ဖြေရှင်းသွားမယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ဦးနေမျိုးအောင် အပါအဝင် ၃ ဦးကို ကြည်မြင့်တိုင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၅၈(က)နဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ဆိပ်ကမ်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးသိန်းထွန်းဦးက “ကျနော်တို့ပါတီက အနိုင်ရခဲ့တဲ့ ၃ နေရာစလုံးမှာ သန့်သန့်ရှင်းရှင်း အနိုင်ရခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ပြည်သူ့ဆန္ဒကိုစော်ကားတယ်လို့ မြင်ပါတယ်။ ဒီကိစ္စကို ဥပဒေနဲ့အညီ ဖြေရှင်းသွားမှာ”လို့ ပြောပါတယ်။

ဦးနေမျိုးအောင်အပါအဝင် ၃ ဦးကို ကြားဖြတ်ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေကို ငွေချေးရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ရွေးကောက်ပွဲ အခွင့်အရေး မတရား ဆောင်ရွက်ခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။

“ကျနော့်ပါတီက ငွေချေးကိစ္စတွေမှာ ကူညီပေးတယ်ဆိုတာ ရွေးကောက်ပွဲနဲ့မဆိုင်ပါဘူး။ ဘယ်ဒေသကိုမဆို ပြည်သူ့လိုအပ်ချက်အရ ကူညီပေးခဲ့တာပါ။ ဆိပ်ကမ်းမြို့နယ်က ငွေချေး ကိစ္စတွေနဲ့ ပတ်သက်တယ်၊  မပတ်သက်ဘူးကိုတော့ မသိရသေးပါဘူး”လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

နိုဝင်ဘာ ၃ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးနေမျိုး အောင်ဟာ ကိုယ်စားလှယ်လောင်း ၉ ဦး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှာ  မဲအများဆုံးရပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးနေမျိုးအောင်ကို ဒီဗွီဘီက နိုဝင်ဘာ ၁၈ ရက်၊ ၁၉ ရက်နေ့မှာ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (က) မှာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော်လည်းကောင်း၊ ယင်း အခွင့်အရေးကိုရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သော်လည်းကောင်းငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင်နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြား အခွင့်အရေး တခုခုကို အသုံးပြုလျှက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီအမှုနဲ့ ပြစ်မှုထင်ရှားရင်တော့ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013