DVB Logo
Home
မြန်မာသတင်း
မိုင်းပန်မြို့နယ်တွင် ရွာသား ၁ ဦး စပါးရိတ်​သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
November 19, 2018
မိုင်းပန်မြို့နယ်တွင် ရွာသား ၁ ဦး စပါးရိတ်​သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ မိုင်းပန်မြို့နယ်၊ နာမွန်းကျေးရွာအုပ်စု ပန်ပီး​ဒေသမှာ မိုင်းပုတ်ရွာသားတဦး  နိုဝင်ဘာ ၁၈ ရက်က စပါးရိတ်​သိမ်းဖို့သွားရင်း မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်​။

မိုင်းပုတ်ရွာသား ဦးလွန်းကျော်ဟာ မနက် ၇ နာရီခွဲလောက်က တောင်ယာစပါးရိတ်​သိမ်းဖို့ သွားရာလမ်းမှာ မိုင်းနင်းမိပြီး ​ပေါက်​ကွဲကာ ယာခြေထောက်ပြတ်နဲ့ ဘယ်ခြေထောက်မိုင်းစထိမှန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာလို့  မိုင်းပုတ်ရွာသားတဦးက ပြောပါတယ်​။

“မ​နေ့ကလည်း ခြံသွားတယ်​။ စပါးရိတ်​သိမ်းတာမပြီးပြတ်​လို့ ဒီ​နေ့ မနက်​​စော​စော ထပ်​သွားတဲ့ အချိန်​မှာ မိုင်းနင်းမိတာ၊ လမ်းတလမ်းထဲ မ​နေ့ကမရှိဘူး ဒီ​နေ့မှ နင်းမိတာ ​ခြေတဖက်​ ပြတ်​သွားတယ်​။ အခုမိုင်း ပန်​​ဆေးရုံကို ​ဆေးကုသဖို့ ပို့လိုက်​ပြီ”

ပန်​ပီး​ဒေသရှိ ​ဒေသခံတွေဟာ စပါးသီးနှံရိတ်သိမ်းချိန်ဖြစ်ပေမယ့်လည်း ​မိုင်းနင်းမိ​ပေါက်​ကွဲ ဒဏ်​ရာရရှိမှု မကြာခဏဖြစ်​ပွားတဲ့အတွက်​ ခြံယာ​သို့သွား​ရောက်​ဖို့နဲ့ သီးနှံ​တွေ​ရောင်းချဖို့အတွက်​ ​ကြောက်​​နေရပြီး လုံခြုံမှုမရှိဘူးလို့ ​​ဒေသခံ​တွေ​ပြောပြချက်​အရ သိရပါတယ်​။

ပန်​ပီး​ဒေသမှာ ပြီးခဲ့တဲ့ ​အောက်​တိုဘာ ၁၆ ရက်​​နေ့က အန်စီအေလက်​မှတ်​ထိုးထားတဲ့ RCSS/SSA အဖွဲ့နဲ့ ပအိုဝ်းအမျိုးသား​ လွတ်​​မြောက်​​ရေးအဖွဲ့ချုပ်​ PNLO တို့ တိုက်​ပွဲဖြစ်​ပွားခဲ့ပါ တယ်​။

ပြီးခဲတဲ့ ​အောက်​တိုဘာ ၃၀ ရက်​​ကလည်း ရွာသားတဦး နွား​ကျောင်းရင်း ဆိုင်​ကယ်​နဲ့ အပြန်​ လမ်းမှာမိုင်းနင်းမိပြီး ဒဏ်​ရာအပြင်းအထန်​ရရှိခဲ့သလို၊ နိုဝင်​ဘာ ၇ ရက်​​ ကလည်း ပန်​ပီး ဘုန်း​တော်​ကြီး​ကျောင်း မီး​လောင်​ခဲ့ပါတယ်​။

''ခုကတောင်ယာထဲထိတောင် မိုင်းလိုက်ထောင်တာဆိုတော့ စစ်သားအချင်းချင်း မကျေနပ် ကြတာထက် ရွာသားတွေမနေရဲအောင် လုပ်နေသလိုပဲ မိုင်းပန်သွားတဲ့လမ်းမှာလည်း ဆိုင်ကယ် သမားနှစ်ယောက်နင်းမိပြီးပြီ'' လို့ဒေသခံတစ်ဦးက​ပြောပါတယ်​။

အဲ့ဒီ ​ဒေသမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ ​​RCSS/SSA ရှမ်းပြည်​ပြန်​လည်​ ထူ​ထောင်​​ရေး​ကောင်​စီ လက်​နက်​ကိုင်​ အဖွဲ့ လှုပ်​ရှားရာနယ်​​မြေဖြစ်​​ကြောင်း သိရပါတယ်​။

သတင်း - ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013