DVB Logo
Home
မြန်မာသတင်း
လားရှိုး-နမ္မတူလမ်းဘေးတွင် တိုက်ပွဲကြောင့် အမျိုးသမီး ၁ ဦး သေနတ်မှန်သေဆုံး
DVB
·
November 19, 2018
လားရှိုး-နမ္မတူလမ်းဘေးတွင် တိုက်ပွဲကြောင့် အမျိုးသမီး ၁ ဦး သေနတ်မှန်သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ ၁၂မိုင်ကွာဝေးတဲ့ လားရှိုး-နမ္မတူ သွားကားလမ်းမကြီးဘေးက မန်ပြိန်းအထက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားလို့  ရွာသူတဦး သေနတ်ထိမှန် သေဆုံးသွားပါတယ်။

ဒီဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တွေနဲ့ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသူတဦး တိုက်ပွဲကြား သေဆုံးခဲ့ရတာပါ။

အခုသေဆုံးသူဟာ မန်ပြိန်းအထက်ရွာက အသက်(၆၀)အရွယ်  ဒေါ်မာလွတ်ဖြစ်ပြီး တောင်ယာကနေ စပါးရိတ်ပြီး လူအုပ်စုလိုက်ပြန်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သေဆုံးတာလို့ ဒေသခံ မျက်မြင်တဦးက ပြောပါတယ်။

“မနေ့က ကျနော်တို့ တောင်ယာကနေ စပါးရိတ်ပြီး ပြန်လာတော့ ရွာမှာတိုက်ပွဲဖြစ်နေတယ်။ ရွာမှာတိုက်ပွဲဖြစ်နေတော့ ကျနော်တို့ ၁၀ယောက်လောက် ရွာကိုမဝင်ဘဲ နားဟာရွာဘက် သွားပါတယ်။ တိုက်ပွဲဖြစ်နေတော့ လူမှားပစ်ခံရမှာ စိုးရိမ်ပြီး လမ်းတလျှောက်မှာ ကျနော်တို့ဟာ မန်ပြိန်းရွာက ရွာသူရွာသားအရပ်သားတွေပါလို့ အော်ပြီးသွားတယ်။ အဲ့လို အော်ပြီးသွားရင်ကနေ အပစ်ခံရ တာပါ။ အပစ်ခံရသူက ကျနော်တို့ ရှေ့ဆုံးကသွားတာပါ။ သူ့ကို သေနတ်မှန်သွား တာတွေ့တော့ ကျန်တဲ့သူတွေ အားလုံးလည်း တွေ့တဲ့တောတိုးပြီး ထွက်ပြေးကြပါတယ်။ ပစ်လိုက်တဲ့စစ်သားဟာ ပြောက်ကျားဝတ်စုံဝတ်ထားတဲ့ စစ်သားပါ"

မန်ပြိန်းရွာအနီးမှာ အောက်တိုဘာ ၂၆ ရက်တုန်းကလည်း အထက်မန်ပြိန်ရွာက ရွာသား ကိုမာဂမ်ဟာ နှစ်ဘက်တိုက်ပွဲကြားမှာ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

"ပြီးခဲ့တဲ့တခေါက်က တိုက်ပွဲဖြစ်ပွားတုန်းကလည်း ကျနော်တို့ရွာသား ကိုစံမွန်းခေါ် ကိုမာဂမ်ဟာ တိုက်ပွဲကြားရောက်ပြီး သေဆုံးသွားခဲ့ပါတယ်"လို့ မန်ပြိန်းရွာသားတဦးက ပြောပါတယ်။

အထက်မန်ပြိန်ရွာအနီးမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေဟာ အီနိုင်းကျေးရွာဘက်ကို  စစ်ဘေးတိမ်းရှောင်သွားရောက် ခိုလှုံနေကြရပါတယ်။

သတင်း- ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013