DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသစ်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
DVB
·
November 19, 2018
ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသစ်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
Donate to DVB

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။

ဝန်ကြီးဌာနအသစ်ကို စီမံဘဏ္ဍာဝန်ကြီးဌာနအောက်ရှိ  ဌာနနှစ်ခုနဲ့ ပူးပေါင်း ဖွဲ့စည်းမယ်လို့ ဒီကနေ့မနက် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လာရောက်ရှင်းလင်း ပြောသွားပါတယ်။

“လက်ရှိ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ရင်းနှီမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနများကို ခွဲထုတ်ဖွဲ့စည်း သွားမှာဖြစ်တဲ့အတွက် လတ်တလောမှာ ၀န်ထမ်းအင်အား၊ အဆောက်အဦ၊ မော်တော်ယာဉ် ဘဏ္ဍာငွေ လျာထားချက် စသည်များကိုလည်း ထပ်မံတိုးချဲ့ရန် လိုမည် မဟုတ်ပါကြောင်းလည်း ရှင်းလင်း တင်ပြအပ်ပါတယ်။”

ရှေ့နေချုပ်ရဲ့ ရှင်းလင်းတင်ပြချက်အပြီးမှာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိဘဲ သဘောတူခဲ့ကြပါတယ်။

ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းလိုတယ်လို့ နိုဝင်ဘာ ၁၂ ရက် ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပြီး တာဝန်ယူမှုရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် စူးစိုက်လုပ်ဆောင်ဖို့ ဝန်ကြီးဌာနသစ်ကို ဖွဲ့စည်းလိုက်တာလို့ အစိုးရက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး အခု ဝန်ကြီးဌာနသစ်ကို ခွင့်ပြုခဲ့ရင် ဝန်ကြီးဌာနပေါင်း ၂၅ ခုထိ ရှိလာမှာ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် တိုးချဲ့ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုလောက်နဲ့ အစိုးရဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013