DVB Logo
Home
မြန်မာသတင်း
ပေါက်တော အနောက်ရဲဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွင် ပစ်ခတ်မှုဖြစ်၊ ၄ ဦး ဒဏ်​ရာရ
DVB
·
November 19, 2018
ပေါက်တော အနောက်ရဲဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွင် ပစ်ခတ်မှုဖြစ်၊ ၄ ဦး ဒဏ်​ရာရ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲရွာ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းမှာ နိုဝင်ဘာ ၁၈ ရက် မနက်က လူမှောင်ခိုကူးသူလို့ ယူဆရသူ ၂ ယောက်ကို ရဲက သွားရောက် ဖမ်းဆီးရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားလို့ သေနတ်ပစ်ဖောက်လူစုခွဲရာကနေ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။

ပေါက်​​တောရဲမှူးနဲ့ တပ်​ဖွဲ့ဝင်​တွေက လူကုန်​ကူးမှုမှာ ​ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ မာမတ်​ဆာ​ဘဲလ်​ (၃၈) နှစ်ပါ ၂ ယောက်ကို သွား​ဖမ်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ​ရွာသား ဘင်္ဂါလီတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလို့ ဆင်​တက်မော်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးထွန်​​အောင်​သိန်းက အတည်​ပြု​ပြောပါတယ်။

သူတို့ ၂ ဦးဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီ ၁၀၆ ဦးကို မလေးရှားနိုင်ငံကို စက်လှေနဲ့ ပို့ဆောင်ခဲ့တယ်ဆိုပြီး ရဲက သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာစဉ် ဘင်္ဂါလီလူအုပ်​စုက ဝိုင်းဝန်းလာပြီး တုတ်၊ ဓားတွေ ကိုင်ဆောင်ကာ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က မိုးပေါ်ထောင်ပစ်ခဲ့ကြောင်း၊ ဒါပေမယ့် တားဆီးမရတာကြောင့် ရာဘာကျည်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက​ ပြောပါတယ်​။

"မ​နေ့က မနက်​ ၈ နာရီ​ကျော်​​လောက်​မှာ တရားခံကိုသွားဖမ်းတာ အဲဒီမှာ တုတ်တွေ၊ ဓားတွေကိုင်ပြီး ဝိုင်းလာကြတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ပေါက်တယ်၊ အဲဒီနောက် လူစုခွဲဖို့ ပစ်ခတ်ရာကနေ အခုလိုဖြစ်သွားတာ။”

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂါလီ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်​ရာပြင်းထန်​တဲ့ ၁ ဦးကိုတော့ စစ်​​တွေ​ပြည်သူ့ဆေးရုံ ပို့​ဆောင်​ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ကျောက်တန်းမြို့ရောက်လာတဲ့ ဘင်္ဂါလီ ၁၀၆ ဦးကိုတော့ မနေ့က စစ်တွေမြို့ကို ရေတပ်သင်္ဘောနဲ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013