DVB Logo
Home
မြန်မာသတင်း
လမူးနယ်မြေ ရဲစခန်းအား ဒေသခံများ ၀ိုင်းထားမှု ပြေလည်သွားပြီဟု ရဲတာဝန်ရှိပြော
DVB
·
November 19, 2018
လမူးနယ်မြေ ရဲစခန်းအား ဒေသခံများ ၀ိုင်းထားမှု ပြေလည်သွားပြီဟု ရဲတာဝန်ရှိပြော
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာမှာ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီ ဝန်းကျင်အချိန်က ဒေသခံတွေက ရဲစခန်းကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က သေနတ် ၃ ချက်ဖောက်ပြီး လူစုခွဲခဲ့ရတယ်လို့ လမူးကျေးရွာနေသူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်က အမှတ် ၅ ကထိန်ပွဲလှည့်နေတဲ့အချိန်မှာ ရွာမကြီးဘက်မှ လူအချို့က လူကြားထဲ ဖြတ်ဝင်လို့ ပြဿနာတက်ရာကနေ ခိုက်ရန်ဖြစ်ပွားပြီး အခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ပြဿာနာဖြစ်တာကို ရွာမကြီးဘက်ကလူတွေက ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးတွေကို တိုင်တော့ ဒီဟာက သာမန်ဖြစ်ကြတဲ့ ကိစ္စ၊ ဟိုဘက်ကလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး ပွဲလုပ်နေတဲ့ ကိစ္စဖြစ်တဲ့အတွက် အကျယ်မဖြစ်ရအောင် မလုပ်ပါနဲ့၊ ထပ်လည်းမဖြစ်ကြနဲ့ဆိုတာကို ကျနော်တို့ ရွာမကြီးဘက်က အုပ်စုက အရေးမယူပေးတာလားဆိုပြီး ည ၇ နာရီဝန်းကျင်လောက်မှာ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို အကြမ်းဖက်တဲ့ပုံစံမျိုးနဲ့ လူ ၁၀၀ ကျော်က ခဲတွေထုကြတယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူးကလည်း ရုံးထဲမှာရှိတယ်၊ ၁ နာရီကျော် ကျော်လောက်ထိ ခဲတွေနဲ့ထုနေကြတယ်၊ ၈ နာရီ ကျော်လောက်မှ လူစုကွဲသွားတယ်။ ရဲစခန်းကဟန့်တယ်၊ ဒါမျိုး မလုပ်ကျပါနဲ့ ဥပဒေကြောင်းအရ အရေးယူပေးမယ် ပြောတာကိုမရတဲ့အတွက် လူစုလူဝေးနဲ့ ရဲစခန်းကို ၀င်ရောက်လာတဲ့အတွက် သေနတ်သုံးချက်ဖောက်ပြီး လူစုခွဲလိုက်ရတယ်၊ ထိခိုက်ဒဏ်ရာရ တာတွေ မရှိဘူး”

မနေ့က ရဲစခန်းအား အကြမ်းဖက်တဲ့အတွက် ဒေသခံ ၉ ဦးအား ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကို မကျေနပ်တဲ့အတွက် ဒေသခံကျေးရွာသား ၅၀၀ ၀န်းကျင် နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ရဲစခန်းကို ထပ်မံဝိုင်းထားခဲ့ပါတယ်။

ဒါပေမယ့် ခရိုင်မှူး၊ လွှတ်တော်ကိုယ်စာလှယ်တွေနဲ့ မြို့နယ်အရာရှိတွေ ၀ိုင်းဝန်းဖြေရှင်းပေးခဲ့လို့ ပြေလည်မှုတွေရရှိခဲ့တယ်လို့ လမူးရဲစခန်းက ဒုရဲအုပ်က ပြောပါတယ်။

“ပထမကတော့ လူကြီးတွေ မရောက်သေးခင်တော့ အခြေအတင်တွေဖြစ်ခဲ့ကြတယ်။ တယောက်နဲ့တယောက်၊  အဲဘက်ကလူတွေက စခန်းကို အသင့်အနေအထားတော့ ရှိတာပေါ့။ သူတို့ လိုအပ်တာကိုတော့ ပြောတာပေါ့။ ကျနော်တို့အနေအထားကလည်း ဘာမှ လုပ်ပေးလို့ မရဘူးလေ။  ခရိုင်မှူးတွေ ရောက်ပြီးမှ သူတို့ဘက်က ရွာက ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်ပါပါတယ်။ အဲလိုတိုင်ပင်ညှိနှိုင်းပြီးတော့ ပြေလည်သွားတယ်ဗျာ။ အခုကတော့ ပုံမှန်အနေအထားပါပဲ။  ”

ဓာတ်ပုံ - ကိုသန်းဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013