DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်းများအသင်း (ဗဟို) စတင်ဖွဲ့စည်း
DVB
·
November 18, 2018
ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်းများအသင်း (ဗဟို) စတင်ဖွဲ့စည်း
1 / 4
Donate to DVB

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ ညီနောင်အသင်းတခုအဖြစ် ရခိုင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်းများအသင်း(ဗဟို)ကို အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအဖွဲ့အစည်းကို ပြီးခဲ့တဲ့ သုံးလေးလလောက်ကတည်းက UMFCCI မှာ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဝန်ကြီးကိုယ်တိုင်ဦးစီးပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

တာဝန်တွေကို ညီနောင်အသင်းတွေက ခွဲဝေတာဝန်ယူရမှာဖြစ်တာကြောင့် ညီနောင် အသင်းအဖြစ် ရခိုင်လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သိန်းခိုင်ကပြောပါတယ်။

တိုင်းရင်းသားတွေအားလုံး ဖွံ့ဖြိုးတိုးတက်ရေး ဝေးကွာနေတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ အချင်းချင်းစည်းလုံးညီညွှတ်ဖို့နဲ့ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးနောက်က လိုက်မီ အောင်လို့ ရည်ရွယ်ပြီး အသင်းဖွဲ့စည်းခဲ့တာလို့ ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

လုပ်ငန်းရှင်တွေထဲမှာတော့ ရန်ကုန်တိုင်း ရခိုင်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ရခိုင် လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်း ရခိုင်လုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ် လုပ်ငန်းရှင်များ အသင်း၊ ပဲခူးတိုင်း ရခိုင်လုပ်ငန်းရှင်များအသင်းဆိုပြီး အသင်း ၅ သင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အသင်းတခုဆီမှာ အသင်းဝင် ၃၀ ဦးလောက်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013