DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်း​ရေးတွဲလက်​များ သ​င်္ဘော မြင်းခြံမြို့ ဆီမီးခုံဆိပ်​ကမ်းသို့ ဆိုက်​​ရောက်
DVB
·
November 18, 2018
ငြိမ်းချမ်း​ရေးတွဲလက်​များ သ​င်္ဘော မြင်းခြံမြို့ ဆီမီးခုံဆိပ်​ကမ်းသို့ ဆိုက်​​ရောက်
1 / 10
Donate to DVB

ပြည်​​ထောင်​စု ငြိမ်းချမ်း​ရေးညီလာခံ ၂၁ ရာစုပင်​လုံကို ကြိုဆို​ထောက်​ခံတဲ့အနေနဲ့ “ငြိမ်းချမ်း​ရေး တွဲလက်​များ မြစ်​ဧရာမှာ ထပ်​ဆင့်သွား” ခရီးစဉ်​ သ​င်္ဘောဟာ ဒီနေ့​ မနက်​ ၁၀ နာရီလောက်က မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ ဆီမီးခုံဆိပ်​ကမ်းမှာ ဆိုက်​ကပ်​ခဲ့ပါတယ်​။

ငြိမ်းချမ်း​ရေးတွဲလက်​များ မြစ်​ဧရာမှထပ်​ဆင့်သွား ခရီးစဉ်​ဟာ နိုဝင်​ဘာ ၁၆ ရက်​​နေ့မှ စတင်​ပြီး မန္တ​လေးမြို့ ​ဂေါဝိန်​ဆိပ်​ကမ်းမှ ပြည်​ကြီးတံခွန်​သ​င်္ဘော ၄ နဲ့ စတင်​ထွက်​ခွာခဲ့တာ ဖြစ်​ပါတယ်​။

ငြိမ်းချမ်း​ရေးတွဲလက်​များ မြစ်​ဧရာမှာ ထပ်​ဆင့်သွား အဖွဲ့မှ ဦးစီးအဖွဲ့ဝင်​ဖြစ်​တဲ့ စာ​ရေးဆရာ အယ်​ဒီတာ ဦး​ဇေယျမင်းရှင်​က “​​ငြိမ်းချမ်း​ရေးဖြစ်​စဉ်​က အ​ကောင်​အထည်​​ပေါ်မလာဘဲနဲ့ တန့်​ရပ်​​နေတဲ့ အ​နေအထား ဖြစ်​​နေတယ်​။ ဒီငြိမ်းချမ်း​ရေးဖြစ်​စဉ်​ကြီး တန့်​ရပ်​​နေတာကို တွန်းအား​ပေးနိုင်​ဖို့ ငြိမ်းချမ်း​ရေး​ဆောင်​ရွက်​ချက်​​တွေ လှုံ့​ဆော်​​ဆောင်​ရွက်​နိုင်​ဖို့အတွက်​ ပြည်​သူ​တွေရဲ့တွန်းအားအသံ​တွေ လိုအပ်​ပါတယ်​။ ငြိမ်းချမ်း​ရေး​ဆောင်​ရွက်​တဲ့သူ​တွေဟာ ပြည်​သူ​တွေရဲ့ ဆန္ဒကိုသိဖို့လိုတယ်။၊ ပြည်​သူ့ဆန္ဒကိုဆန့်​ကျင်​ပြီး ပြည်​သူ့အသံကိုနားမ​ထောင်​ဘဲ လုပ်​​ခဲ့မယ်​ဆိုရင်​ စစ်​မှန်​တဲ့ ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး ​ပေါ်​ပေါက်​မလာနိုင်​ဘူးလို့ ယုံကြည်​တဲ့ အတွက်​ အနယ်​နယ်​အရပ်​ရပ်​မှာရှိတဲ့ တိုင်းရင်းသားပြည်​သူ​တွေရဲ့ အသံ​တွေ ဆန္ဒ​တွေ စုစည်းပြီး ငြိ​မ်းချမ်း​ရေး​ဖော်​​ဆောင်​​နေတဲ့အဖွဲ့​တွေကို တင်​ပြ​ပေးဖို့ အဓိကရည်​ရွယ်​ကာ ကျ​နော်​တို့ ငြိမ်းချမ်း​ရေး သ​င်္ဘောကြီး ထွက်​ခွာခဲ့တာ​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။

မြန်​မာနိုင်​ငံ ခရစ်​ယာန်​ မျက်​မမြင်​များ၊ မိတ်​သဟာရ ရန်​ကုန်​မျက်​မမြင်​​ကျောင်းမှ တာဝန်​ရှိသူတွေ ဦး​ဆောင်​ပြီး အမြင်​အာရုံမသန်​စွမ်းသူများပါဝင်​​တဲ့ အဖွဲ့နဲ့အတူ စုစု​ပေါင်း ၈၁ ဦးတို့ ငြိမ်းချမ်း​ရေးသ​င်္ဘောနဲ့ လိုက်​ပါလာကြတာပါ။

ခရီးစဉ်​တ​​လျောက်​ စစ်​ကိုင်း၊ မြင်းမူ၊ ဆီမီးခုံ၊ ပခုက္ကူ၊ ​ညောင်​ဦး၊ ​ချောက်​၊ စ​လေ၊ ​ရေနံ​ချောင်း၊ မ​ကွေး၊ နတ်​​မောက်​၊ မလွန်​၊ မီ​ချောင်းရဲ၊​ အောင်​လံ၊ ကမ္မ၊ ပြည်​၊ ထုံးဘို၊ မြန်​​အောင်​၊​ ရွှေကျင်​၊ ပျဉ်းကတိုးကျွန်း၊ ဟင်္သာတ၊ ဇလွန်​၊ ဓနုဖြူ၊​ ညောင်​တုန်း၊ မအူပင်​၊ တွံ​တေးနဲ့ ရန်​ကုန်မြို့ တွေမှာ ဆိုက်​ကပ်​မှာဖြစ်​ပြီး သ​င်္ဘောဆိုက်​ကပ်​ရာမြို့တွေမှာ ညစဉ်​ အမြင်​အာရုံ မသန်​စွမ်းသူများ အဖွဲ့မှ ငြိမ်းချမ်း​ရေး​တေးဂီတနဲ့ ​ဖျော်​​ဖြေတင်​ဆက်​သွားမှာလည်း ဖြစ်​ပါတယ်​။

ဆီမီးခုံဆိပ်​ကမ်းမှာ ဆိုက်​ကပ်​လာတဲ့ ငြိမ်းချမ်း​ရေးသ​င်္ဘောကြီးအား တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ မြင်းခြံမြို့နယ်​ ဌာနဆိုင်​ရာများမှ တာဝန်​ရှိပုဂ္ဂိုလ်​တွေ၊ အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​မှ ပါတီဝင်​တွေ၊ ဆရာ/ဆရာမ တွေနဲ့ ​ကျောင်းသား/သူ တွေက ကြိုဆိုခဲ့ကြပါတယ်​။

ငြိမ်းချမ်းေ​​ရးခရီးစဉ်​သ​င်္ဘောဟာ ဧရာဝတီမြစ်​​ကြောင်းအတိုင်း စုန်​ဆင်းကာ ရန်​ကုန်​မြို့ကို ဒီဇင်​ဘာ ၁၁ ရက်​​နေ့မှာ ​ရောက်​ရှိမှာဖြစ်​ပြီး ၂၇ ရက်​ကြာခရီးစဉ်​လည်း ဖြစ်​ပါတယ်​။
သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013