DVB Logo
Home
မြန်မာသတင်း
ချောက်ကျန်းမာရေးဝန်ထမ်းများကို ဆေးပညာစာအုပ်စာတမ်းပါ တက်ဘလက်များ အခမဲ့ပေးအပ်
DVB
·
November 18, 2018
ချောက်ကျန်းမာရေးဝန်ထမ်းများကို ဆေးပညာစာအုပ်စာတမ်းပါ တက်ဘလက်များ အခမဲ့ပေးအပ်
1 / 4
Donate to DVB

ဆေးပညာနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းပါရှိတဲ့ တက်ဘလက် ဖုန်းအလုံးရေ ၁၄၃ လုံးကို မကွေးတိုင်း ချောက်မြို့နယ်တွင်းရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့ အခမဲ့ ပေးအပ်ခဲ့တယ်​လို့ ​ချောက်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းများ ကျန်းမာရေးပညာပေးရန်နဲ့ ကျန်းမာ​ရေးဝန်​ထမ်းများအတွက်​ လုပ်ငန်းလမ်းညွန်များ ဗဟုသုတစာအုပ်​တွေသိရှိ အသုံးပြုနိုင်ဖို့ ဖြန့်ဝေပေးတာ”လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

စာအုပ်​တွေကို လက်​ရှိ Off line အ​နေနဲ့ပါရှိ​နေပြီး အသစ်​ထပ်​မံထွက်​ရှိတဲ့ ​ဆော့ဝဲလ်​တွေနဲ့ စာအုပ်​စာတန်းတွေကိုလည်း online က​နေ update လုပ်​​ပေးသွားမယ်​လို့ သိရပါတယ်​။

ချောက်မြို့နဲ့ စလေမြို့ရှိ ပြည်သူ့ဆေးရုံနဲ့ ဆူးတောတိုက်နယ် ဆေးရုံတွေ SAMSUNG -GLAXY TAB A အမျိုးအစား တက်ဘလက် ၃ လုံးကို ပေးအပ်ပြီး အခြေခံကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ကျေးလက်ဒေသရှိ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေဆာင်ရွက်နေတဲ့ ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမကြီးတွေ၊ သားဖွားဆရာမတွေနဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂ တို့ကိုလည်း SAMSUNG -GLAXY TAB J ဖုန်းအမျိုးအစား အလုံးရေပေါင်း ၁၄၀ လုံးတို့နဲအတူ အားသွင်းဖို ဘတ္ထရီ power bank (10000Amh) တွေပါ ပူးတွဲပေးအပ်တာပါ။

ယင်းတက်ဘလက်ဖုန်းများက​နေ ဆေးပညာနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်း ၁၂၀ ကျော် ပါဝင်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ သတင်းတွေနဲ့ ဆေးလောကမှာ လတ်တလော ဖြစ်နေတဲ့ သတင်းတွေကို တက်ဘလက်တွေအတွင်း ဖြန့်ဝေပေးမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆိုထားပါတယ်​။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မကွေးမြို့ မြို့တော်ခန်းမမှာ ယင်းတိုင်းအတွင်းရှိ မြို့နယ်/ တိုက်နယ်ဆေးရုံ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အဆိုပါ တက်ဘလက် အမျိုးအစား ၂၇၀၀ လုံး ပေးအပ်ခဲ့လို့ သိရပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013