DVB Logo
Home
မြန်မာသတင်း
ကျောက်တန်းရောက် ဘင်္ဂါလီ ၁၀၆ ဦးကို ယနေ့ ပြန်လည်ပို့ဆောင်မည်
DVB
·
November 18, 2018
ကျောက်တန်းရောက် ဘင်္ဂါလီ ၁၀၆ ဦးကို ယနေ့ ပြန်လည်ပို့ဆောင်မည်
1 / 5
Donate to DVB

ကျောက်တန်းမြို့နယ် တံတားမြို့ သံတဲကျေးရွာမှာ တွေ့ရှိထိန်းသိမ်းထားတဲ့ ဘင်္ဂါလီ ၁၀၆ ဦးကို ဒီနေ့ ပြန်လည်ပို့ဆောင်မယ်လို့ ကျောက်တန်းမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။

ကျောက်တန်းမြို့နယ် သံတဲကျေးရွာမှာ ဘင်္ဂါလီတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို နိုဝင်ဘာ ၁၆ ရက်နေ့က မနက် ၅ နာရီက တွေ့ရှိခဲ့တာပါ။ ဒီလှေပေါ်မှာ ကျား ၅၀ မ ၃၁ ကလေး ကျား ၁၃၊ မ ၁၂ ဦး စုစုပေါင်း ၁၀၆ ဦး ပါဝင်ပါတယ်။

သူတို့ကို နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာ ကျောက်တန်းမြို့နယ် ရွှေမှော်ယန်းခန်းမကို ပို့ဆောင်ခဲ့ပြီး အစားအသောက်၊ ကျန်းမာရေး ဆောင်ရွက်ပေးထားပါတယ်။

ကျောက်တန်းမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က “ဒီနေ့မှာ ပြန်ပို့ဖို့ ပြင်ဆင်ခိုင်းထားတဲ့ သက်ဆိုင်ရာရဲ့ ညွှန်ကြားချက် ရှိထားပါတယ်။ ဘယ်ကို ပို့မယ်တော့ မသိရသေးပါဘူး။ တရားဝင်မဝင်၊ ခိုးဝင် မဝင်ကတော့ လတ်တလောမှာ သူတို့ရဲ့ ထွက်ဆိုချက်အရ၊ မြန်မာစကားတက်တာလည်းပါတော့ စစ်တွေကလို့ ဆိုထားတဲ့အတွက် ဒီလိုပဲ လက်ခံထားပါတယ်။ အသေးစိတ်ကကတော့ လဝကက ဆက်လက်စိစစ်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီ့ ဘင်္ဂါလီတွေဟာ စစ်တွေက ဒုက္ခသည် စခန်းတခုကဖြစ်ပြီး မလေးရှားကို ပို့ပေးမယ်လို့ ပွဲစားရဲ့ စကားအရ ဒီလှေနဲ့ ထွက်လာကြတာပါ။ လမ်းခရီးမှာ စက်လှေဆီပြတ်ပြီး ဒီနေရာကို ရောက်တာလို့  ထွက်ဆိုထားကြပါတယ်။

ဓာတ်ပုံ - No Two KyaukTan

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013